Quran Apps in many lanuages:

Surah Al-Araf Ayahs #81 Translated in Burmese

فَعَقَرُوا النَّاقَةَ وَعَتَوْا عَنْ أَمْرِ رَبِّهِمْ وَقَالُوا يَا صَالِحُ ائْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الْمُرْسَلِينَ
နောက်ဆုံးတွင် ၎င်းတို့သည် ကုလားအုတ်မကို(လည်း)သတ်ဖြတ်ခဲ့ကြ၏။ မိမိတို့အရှင်မြတ်၏အမိန့်တော်ကိုလည်း မထီမဲ့မြင်ပြုလုပ်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့က ‘အို-ဆွာလိဟ် အသင်သည် အကယ်၍ ရစူလ်တမန်တော်တို့တွင်တစ်ပါး အပါအဝင်ဖြစ်ခဲ့လျှင် အသင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လေ့ရှိသော (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံယူခဲ့ပါလေ’ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
သို့ဖြစ်ပေရာ ငလျင်သည် ၎င်းတို့အား ဖမ်းဆီးသိမ်းယူခဲ့လေသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ နေအိမ်(ဝါ)မြို့ရွာ၌ မှောက်လျက်သား(မြေနှင့်တစ်သားတည်းဖြစ်ကာသေကြေပျက်စီး) သွားခဲ့ကြကုန်၏။
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّي وَنَصَحْتُ لَكُمْ وَلَٰكِنْ لَا تُحِبُّونَ النَّاصِحِينَ
ထိုအခါ ယင်း(နဗီတမန်တော်) ဆွာလိဟ်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်။ ထို့ပြင်အို-ငါ၏အမျိုးသားတို့ ငါသည် မိမိအရှင်မြတ်က မှာကြားတော်မူလိုက်သော အမိန့်တော်ကိုလည်း အသင်တို့ထံ ဧကန်စင်စစ် ပို့ဆောင်ခဲ့ပြီးဖြစ်၏။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုးကိုလည်း သယ်ပိုးရွက်ဆောင်ခဲ့သည်။ သို့ရာတွင်အသင် တို့သည်ကား ကောင်းကျိုးသယ်ပိုးရွက်ဆောင်သူတို့ကိုပင် မနှစ်သက်ကြပါ ဟု ပြောကြားခဲ့လေသည်။
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည် နဗီတမန်တော်)လူတ်ကို(လည်း စေလွှတ်တော်မူခဲ့လေသည်။) တစ်ရံရောအခါ ထို(နဗီတမန်တော်လူတ်)က မိမိအမျိုးသားတု့ိအား(ဤသို့)ပြောကြားခဲ့လေ၏။ (ဟယ်-အချင်းတို့) အသင်တို့သည်အကြင် စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို ကျူးလွန်ကြလေသလော။ယင်း စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို အသင်တို့၏အလျင် စကြဝဠာခပ်သိမ်းတို့အနက် မည်သူတဦးတယောက်မျှ ကျူးလွန်ခဲ့သည်မရှိခဲ့ပေ။
إِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِنْ دُونِ النِّسَاءِ ۚ بَلْ أَنْتُمْ قَوْمٌ مُسْرِفُونَ
မုချဧကန် အသင်တို့သည် မိန်းမတို့ကိုစွန့်၍[ယောက်ျား များထံ ကာမဂုဏ်ခံစားရန်သွားကြကုန်သည်]။(တစ်နည်း-ယောက်ျားများထံ ကာမဂုဏ်ခံစားရန် သွားကြ ကုန်၏။) ထိုမျှမက အသင်တို့သည် (အရာရာတွင်လည်း အလွန်အမင်း)စည်းကမ်းကျူးလွန်သူများပင် ဖြစ်ကြကုန် သတည်း။

Choose other languages: