Quran Apps in many lanuages:

Surah Al-Araf Ayahs #79 Translated in Burmese

قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِنْ قَوْمِهِ لِلَّذِينَ اسْتُضْعِفُوا لِمَنْ آمَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَالِحًا مُرْسَلٌ مِنْ رَبِّهِ ۚ قَالُوا إِنَّا بِمَا أُرْسِلَ بِهِ مُؤْمِنُونَ
ထိုအခါ (နဗီတမန်တော် ဆွာလိဟ်)၏ အမျိုးသားတို့အနက် မောက်မာပလွှားသော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူတို့အနက်မှ သက်ဝင်ယုံကြည်သူတို့အားဆွာလိဟ်သည် ၎င်း၏အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်ကြောင်း အသင်တို့ယုံကြည်ကြပါသလောဟုမေးမြန်းကြကုန်၏။ ထိုအခါ၎င်း(သက်ဝင်ယုံကြည်သူ)တို့က ကျွန်ုပ်တို့သည် ထို(ရစူလ်တမန်တော်)ဆွာလိဟ် ယူဆောင်လာသော အမိန့်တော်များကို သက် ဝင်ယုံကြည်သူများပင် ဖြစ်ကြပါသည် ဟု ဖြေကြားကြလေသတည်း။
قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا بِالَّذِي آمَنْتُمْ بِهِ كَافِرُونَ
(ထိုအခါ) မောက်မာပလွှားသော သူတို့က မုချဧကန် ငါတို့သည် အသင်တို့ယုံကြည်ကြသည့်အရာကို ငြင်းပယ်သူများပင် စင်စစ်ဖြစ်ကြသည် ဟု ပြောဆိုကြကုန်၏။
فَعَقَرُوا النَّاقَةَ وَعَتَوْا عَنْ أَمْرِ رَبِّهِمْ وَقَالُوا يَا صَالِحُ ائْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الْمُرْسَلِينَ
နောက်ဆုံးတွင် ၎င်းတို့သည် ကုလားအုတ်မကို(လည်း)သတ်ဖြတ်ခဲ့ကြ၏။ မိမိတို့အရှင်မြတ်၏အမိန့်တော်ကိုလည်း မထီမဲ့မြင်ပြုလုပ်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့က ‘အို-ဆွာလိဟ် အသင်သည် အကယ်၍ ရစူလ်တမန်တော်တို့တွင်တစ်ပါး အပါအဝင်ဖြစ်ခဲ့လျှင် အသင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လေ့ရှိသော (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံယူခဲ့ပါလေ’ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
သို့ဖြစ်ပေရာ ငလျင်သည် ၎င်းတို့အား ဖမ်းဆီးသိမ်းယူခဲ့လေသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ နေအိမ်(ဝါ)မြို့ရွာ၌ မှောက်လျက်သား(မြေနှင့်တစ်သားတည်းဖြစ်ကာသေကြေပျက်စီး) သွားခဲ့ကြကုန်၏။
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّي وَنَصَحْتُ لَكُمْ وَلَٰكِنْ لَا تُحِبُّونَ النَّاصِحِينَ
ထိုအခါ ယင်း(နဗီတမန်တော်) ဆွာလိဟ်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်။ ထို့ပြင်အို-ငါ၏အမျိုးသားတို့ ငါသည် မိမိအရှင်မြတ်က မှာကြားတော်မူလိုက်သော အမိန့်တော်ကိုလည်း အသင်တို့ထံ ဧကန်စင်စစ် ပို့ဆောင်ခဲ့ပြီးဖြစ်၏။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုးကိုလည်း သယ်ပိုးရွက်ဆောင်ခဲ့သည်။ သို့ရာတွင်အသင် တို့သည်ကား ကောင်းကျိုးသယ်ပိုးရွက်ဆောင်သူတို့ကိုပင် မနှစ်သက်ကြပါ ဟု ပြောကြားခဲ့လေသည်။

Choose other languages: