Quran Apps in many lanuages:

Surah Al-Araf Ayahs #58 Translated in Burmese

إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ကား ထိုအလ္လာဟ်အရှင်မြတ်ပင်တည်း။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်း�င်များကိုလည်းကောင်း၊ ပထဝီမြေ ကိုလည်းကောင်း၊ ခြောက်ရက်တွင်(ပြီးစီးအောင်)ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက် ထိုအရှင်မြတ်သည် အရ်ရှ်ပလ’င်တော်ထက်၌စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကိုညဉ့်ဖြင့်ဖုံးအုပ်တော်မူလေသည်။ ထိုညဉ့်သည်၎င်းနေ့၏နောက်မှ လျင်မြန်စွာရောက်ရှိလာလေသည်။၎င်းပြင်(ထိုအရှင်မြတ်သည်ပင်လျှင်) နေကိုလည်းကောင်း၊လကိုလည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း၊ မိမိဩဇာခံများအဖြစ်(ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း အမိန့်အာဏာတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။
ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ۚ إِنَّهُ لَا يُحِبُّ الْمُعْتَدِينَ
အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (တစ်နည်းကျိုးနွံစွာ ဆုတောင်းပတ္ထနာပြုကြလေကုန်၊ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စည်းကမ်းကျူးလွန် ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မူသည်မဟုတ်ချေ။)
وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا وَادْعُوهُ خَوْفًا وَطَمَعًا ۚ إِنَّ رَحْمَتَ اللَّهِ قَرِيبٌ مِنَ الْمُحْسِنِينَ
၎င်းပြင် အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ထိုအရှင်မြတ်ကို ကြောက်ရွံ့စွာဖြင့်လည်းကောင်း၊ မျှော်လင့်ချက်ထားကာ ဟစ်ခေါ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်ကားကောင်းမှု ပြုသူတို့နှင့် အလွန်နီးကပ်လျက်ရှိပေသတည်း။
وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَيِّتٍ فَأَنْزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِنْ كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ ကရုဏာတော်(ဝါ)မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ်စေလွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသောမိုးတိမ်များ သယ်ပိုးယူဆောင်လာသောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကိုခြောက်သွေ့လျက်ရှိသော မြို့ရွာဒေသသို့ မောင်းနှင် (ပို့ဆောင်)တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်ဖြင့်ရေကို ချပေးတော်မူ၏။ ထို့နောက် တဖန် ငါအရှင်မြတ်သည်ထိုရေဖြင့် သစ်သီးဝလံမျိုးစုံတို့ကို ပေါက်ရောက်စေတော်မူ၏။ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သူသေတို့အား (သချႋုင်းတွင်းမှ) ထွက်စေတော်မူအံ့။ သို့မှသာလျှင် အသင်တို့သည်တရားရကြကုန်အံ့။
وَالْبَلَدُ الطَّيِّبُ يَخْرُجُ نَبَاتُهُ بِإِذْنِ رَبِّهِ ۖ وَالَّذِي خَبُثَ لَا يَخْرُجُ إِلَّا نَكِدًا ۚ كَذَٰلِكَ نُصَرِّفُ الْآيَاتِ لِقَوْمٍ يَشْكُرُونَ
အမှန်သော်ကား (မြေဩဇာ)ကောင်းမွန် သန့်စင်သောမြေ၌၊ထိုမြေမှ ၎င်းကိုဖန်ဆင်းတော်မူသောအရှင်မြတ်၏အမိန့်တော်ဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများသည်(ကောင်းမွန်များပြားစွာ)ပေါက်ရောက်လေ၏။ သို့ရာတွင်(မြေဩဇာ) မကောင်းသောမြေမှာမူကား၊ အလွန်ခဲယဉ်းစွာပေါက်ရောက်လေ၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်သက်သေသာဓကများကို ကျေးဇူးသိတတ်သူတို့အဖို့ နည်းအမျိုးမျိုးဖြင့် ညွှန်ပြမိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)

Choose other languages: