Quran Apps in many lanuages:

Surah Al-Araf Ayahs #42 Translated in Burmese

قَالَ ادْخُلُوا فِي أُمَمٍ قَدْ خَلَتْ مِنْ قَبْلِكُمْ مِنَ الْجِنِّ وَالْإِنْسِ فِي النَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌ لَعَنَتْ أُخْتَهَا ۖ حَتَّىٰ إِذَا ادَّارَكُوا فِيهَا جَمِيعًا قَالَتْ أُخْرَاهُمْ لِأُولَاهُمْ رَبَّنَا هَٰؤُلَاءِ أَضَلُّونَا فَآتِهِمْ عَذَابًا ضِعْفًا مِنَ النَّارِ ۖ قَالَ لِكُلٍّ ضِعْفٌ وَلَٰكِنْ لَا تَعْلَمُونَ
(အလ္လာဟ်)အရှင်မြတ်သည် (ရှင်ပြန်ထမည့် နေ့တွင် ၎င်းတို့အား) အသင်တို့ မိမိတို့အလျင် လွန်လေပြီးသောကာဖိရ်ဖြစ်သောဂျင်(န်)နှင့် လူအုပ်စုများ နှင့်အတူ ဂျ�န္နမ်ငရဲဘုံသို့) လားကြလေကုန်ဟု မိန့်ကြားတော်မူအံ့။ မည်သည့်အခါမဆို အုပ်စုတစ်စုသည် (ဂျဟန္နမ်ငရဲဘုံသို့) ဝင်ရောက်လျှင်မိမိတို့နှင့် ဘာသာဝါဒတူ (အသွင်တူ) အုပ်စုအချင်းချင်းအားကျိန်ဆဲကြလတ္တံ့။ နောက်ဆုံးတွင် ထိုဂျဟန္နမ် ငရဲဘုံ၌ (အုပ်စု)အားလုံးစုမိကြသောအခါ ၎င်းတို့အနက်မှ နောင်လာနောင်သားများက မိမိတို့အနက်မှ ရှေးလူတို့နှင့် ပတ်သက်၍ အိုကျွန်တော်မျိုးတို့၏အရှင်မြတ်၊ ဤသူတို့သည်ပင်လျှင် ကျွန်တော်မျိုးတို့အား လမ်းလွဲ စေခဲ့ကြပါသဖြင့် အရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်ကို ဆထက်ထမ်းပိုးတိုး၍ပေးတော်မူပါ ဟု လျှောက်ထားကြလတ္တံ့။ ထိုအခါ အရှင်မြတ်ကဆထက်ထမ်းပိုးပြစ်ဒဏ်သည်(အသင်တို့)အသီးသီးတို့၌ရှိ၏။သို့ရာတွင် အသင်တို့သည် မသိကြချေဟု မိန့်ကြားတော်မူအံ့။
وَقَالَتْ أُولَاهُمْ لِأُخْرَاهُمْ فَمَا كَانَ لَكُمْ عَلَيْنَا مِنْ فَضْلٍ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْسِبُونَ
ထို့ပြင် ၎င်းတို့၏ ရှေးလူများက မိမိတို့၏ နောင်လာနောင်သားများအား (ဤသို့) ပြောဆိုကြလတ္တံ့။ သို့ဖြစ်လျှင်အသင်တို့၌ (အပြစ်ဒဏ်လျှော့ခြင်းနှင့်စပ်လျဉ်း၍) ငါတို့ထက်မည်သို့မျှသာ ပိုခြင်းမရှိပြီ၊ သို့ဖြစ်လေရာ အသင်တို့သည် မိမိတို့ဆည်းပူးခဲ့ကြသည့် (မကောင်းမှုဒုစရိုက်) များကြောင့်ပြစ်ဒဏ်(၏ရသာ)ကို မြည်းစမ်းကြလေကုန်။(ရကူ)
إِنَّ الَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا لَا تُفَتَّحُ لَهُمْ أَبْوَابُ السَّمَاءِ وَلَا يَدْخُلُونَ الْجَنَّةَ حَتَّىٰ يَلِجَ الْجَمَلُ فِي سَمِّ الْخِيَاطِ ۚ وَكَذَٰلِكَ نَجْزِي الْمُجْرِمِينَ
ဧကန်စင်စစ် အကြင်သူတို့သည် ငါအရှင်မြတ်၏ ဒေသနာတော်များကို မဟုတ်မမှန်ဟု ငြင်းဆိုကြကုန်၏။၎င်းပြင် ထိုသူတို့သည် ယင်းဒေသနာတော် များကိုနာယူခြင်းမှမထီလေးစား ပြုလုပ်ကြကုန်၏။ ထိုသူတို့အဖို့ ကောင်းကင်၏တံခါးများသည် ဖွင့်ထားခြင်း ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူစွာ ကုလားအုတ်သည် အပ်ပေါက်တွင်းသို့ မဝင်နိုင်သမျှကာလပတ်လုံး ၎င်းတို့သည် ဂျန္နတ် အမတသုခဘုံ သို့လည်းဝင်ရောက်နိုင်ကြမည် မဟုတ်ချေ။ အမှန်သော်ကား ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် အပြစ်ရှိသူတို့အား ပြစ်ဒဏ်ပေးတော်မူပေသတည်း။
لَهُمْ مِنْ جَهَنَّمَ مِهَادٌ وَمِنْ فَوْقِهِمْ غَوَاشٍ ۚ وَكَذَٰلِكَ نَجْزِي الظَّالِمِينَ
င်းတို့၌ ငရဲမီးအိပ်ယာပင်ရှိအံ့။ ထိုနည်းတူစွာ4င်းတို့အပေါ်၌(လည်းငရဲမီး၏)အဖုံးအအုပ်ပင်ရှိအံ့။ စင်စစ်မူကား ငါအရှင်မြတ်သည် မတရားကျူးလွန်သော သူတို့ အားဤနည်းအတိုင်းပင် ပြစ်ဒဏ်ပေးတော်မူပေသတည်း။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် အကြင်သူတို့သည် သက်ဝင်ယုံကြည်ကြ၏။ ၎င်းပြင် ကောင်းမြတ်သော အကျင့် သီလများကိုလည်းဆောက်တည်ကြကုန်၏။ (အမှန်သော်ကား) ငါအရှင်မြတ်သည်မည်သူ့ကိုမဆို ၎င်း ၏အင်အားနှင့် အမျှသာလျှင် တာဝန်ပေးတော်မူ၏။ ထိုသူတို့သည်ပင်လျှင် ဂျန္နတ်အမတ သုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်းဂျန္နသ်အမတသုခဘုံ၌ပင် ထာဝစဉ် နေထိုင်စံမြန်းကြလတ္တံ့။

Choose other languages: