Quran Apps in many lanuages:

Surah Al-Araf Ayahs #175 Translated in Burmese

وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်လျက် ရှိခဲ့ချေသည်။ ထို့ပြင်ယင်း သူတို့မှာ ထိုတောင်သည် ၎င်းတို့အပေါ်ဝယ် မုချကျတော့မည်ဟူ၍ ယုံကြည်ခဲ့ကြလေသည်။ (ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ဤသို့ မိန့်တော်မူခဲ့ လေသည်။) အသင်တို့သည်မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျမ်းမြတ်ကို စွဲမြဲစွာလက်ကိုင်ထားကြလေကုန်။ ၎င်းနောက်အသင်တို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ခြင်းငှာယင်းကျမ်းတော်လာ ဒေသနာတော်များကိုလည်း လေ့ကျင့်မှတ်သား(ကျင့်မူ)ကြလေကုန်။(ရကူ)
وَإِذْ أَخَذَ رَبُّكَ مِنْ بَنِي آدَمَ مِنْ ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنْفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَنْ تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော် အသင်သည်ပြန်လည်အောက်မေ့သတိရပါလေ။) အခါတစ်ပါးတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒမ်၏သားမြေးတို့၏ ကျောက်ကုန်းမှ ၎င်းတို့၏ သားမြေးတို့ကို ထုတ်ဆောင်တော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ်သည်၎င်းတို့ကိုပင် ၎င်းတို့အပေါ်၌သက်သေထားတော်မူ၍ ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော ဟု မိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ၎င်းတို့က အမှန်ပင်ဟုတ်ပါသည်၊ ကျွန်တော်မျိုးတို့ကိုယ်တိုင်သက်သေခံကြပါသည် ဟု လျှောက်ထား (ဝန်ခံ)ခဲ့ကြကုန်၏။ (ယင်းသို့ သက်သေထားတော်မူခဲ့ခြင်းမှာ) အသင်တို့သည် ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့တွင် ကျွန်တော်မျိုးတို့သည် ဤသည်ကို မသိခဲ့ကြပါ ဟု မပြောကြရန်ပင်ဖြစ်သည်။
أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِنْ قَبْلُ وَكُنَّا ذُرِّيَّةً مِنْ بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့(မှန်ကန်သောဒီန်သာသနာဘက်သို့) ပြန်လှည့်ကြရန် အလို့ငှာ သက်သေလက္ခဏာများကို ဤနည်းအတိုင်းပင် ရှင်းလင်းစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။
وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانْسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တဖန် ထိုသူသည် ယင်းသက်သေလက္ခဏာများကိုစွန့်၍ ထွက်သွားခဲ့လေသည်။ သို့ဖြစ်ရာ ရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်း၏နောက်သို့ လိုက်ပါခဲ့လေသည်။ ထို့နောက်၎င်းသည် လမ်းမှားသူတို့တွင် အပါအဝင် ဖြစ်ခဲ့လေသတည်း။

Choose other languages: