Quran Apps in many lanuages:

Surah Al-Araf Ayahs #19 Translated in Burmese

قَالَ إِنَّكَ مِنَ الْمُنْظَرِينَ
(သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။
قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ
(ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။
ثُمَّ لَآتِيَنَّهُمْ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَنْ شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
قَالَ اخْرُجْ مِنْهَا مَذْءُومًا مَدْحُورًا ۖ لَمَنْ تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنْكُمْ أَجْمَعِينَ
(ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-အစ်ဗ်လီးစ်) အသင်သည် ထို(ဂျန္နတ်အမတသုခဘုံ)မှ ဂုဏ်သရေသိမ်ဖျင်းစွာ နှင်ထုတ်ခြင်းခံရသူအဖြစ် ထွက်သွားလော့။ အမှန်စင်စစ်၊ ၎င်းတို့အနက် မည်သူမဆိုအသင်၏နောက်ကိုလိုက်ခဲ့ပါမူ ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို မလွဲဧကန် အသင်တို့အားလုံးဖြင့် ဖြည့်တော်မူအံ့။[အသင်ထိုမှထွက်လေ ဆိုလိုသည်ကား အသင်သည် ဂျန္နတ်မှထွက်လေ။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ထိုအရှင်မြတ်၏ ကောင်းကင်တမန်များ၏ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းခံရသူအဖြစ်’ဂျန္နတ်’မှ အနှင်ခံရသူအဖြစ်နှင့် ထွက်လေ။ဆိုလိုသည်ကား အခြားမုခပါဌ်တော်များတွင် ပါရှိသည့်အတိုင်း’အစ်ဗ်လစ်’ သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခဲ့ရသည်။ အပါးတော်မှ အနှင်ခံခဲ့ရသည်ဟူ၏။]
وَيَا آدَمُ اسْكُنْ أَنْتَ وَزَوْجُكَ الْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
၎င်းပြင် အို-အာဒမ်၊ အသင်သည် မိမိကြင်ရာနှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်ပါလေ။ ထို့နောက်အသင်တို့နှစ်ဦးသည် မိမိတို့အလိုရှိရာ နေရာမှ စားသုံးကြလေကုန်။ သို့ရာတွင် ဤသစ်ပင်အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။သို့မဟုတ်လျှင် အသင်တို့နှစ်ဦးသည်(လည်း) နစ်နာဆုံးရှုံးသူတို့တွင်အပါအဝင် ဖြစ်သွားကြလတ္တံ။

Choose other languages: