Quran Apps in many lanuages:

Surah Al-Araf Ayahs #138 Translated in Burmese

وَلَمَّا وَقَعَ عَلَيْهِمُ الرِّجْزُ قَالُوا يَا مُوسَى ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ ۖ لَئِنْ كَشَفْتَ عَنَّا الرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِي إِسْرَائِيلَ
၎င်းပြင် ၎င်းတို့အပေါ်၌ပြစ်ဒဏ်များကျရောက်လာသောအခါ ထိုသူတို့က အို-မူစာ၊ အသင်၏အရှင်မြတ်သည် အသင်နှင့် ပဋိညာဉ် ပြုထားတော်မူသည်နှင့် စပ်လျဉ်း၍အသင်သည် ကျွန်ုပ်တို့အဖို့ မိမိအရှင်မြတ်အထံတော်၌ ဆုမွန်ပတ္တနာ ပြု၍ပေးပါလေ။ အကယ်၍သာ အသင်သည် ကျွန်ုပ်တို့အပေါ်မှ (ဤ)ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်(ကိုးစား)၍ အစ္စရာအီလီ အမျိုးသားတို့ကိုလည်း အသင်နှင့်အတူ ထည့်လိုက်ကြပါမည်ဟု ပြောဆို(လေ့ရှိ)ကြကုန်၏။
فَلَمَّا كَشَفْنَا عَنْهُمُ الرِّجْزَ إِلَىٰ أَجَلٍ هُمْ بَالِغُوهُ إِذَا هُمْ يَنْكُثُونَ
တဖန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်မှအပြစ်ဒဏ်ကို သတ်မှတ်ထားသည့်အချိန် ထိုအချိန်အထိ၎င်းတို့သည်ရောက်ကြရမည်ဖြစ်၏။ ဖယ်ရှား၍ ပေးတော်မူလိုက်သောအခါ ၎င်းတို့သည် ရုတ်တရက်(ချက်ချင်း) ကတိဖျက်ကြပြန်လေသည်။
فَانْتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ فِي الْيَمِّ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား(အပြည့်အဝ) တုံ့ပြန်တော်မူခဲ့လေသည်။ သို့ပါ၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ငြင်းပယ်ခဲ့ကြသည့်အတွက်လည်းကောင်း၊ ထိုသက်သေလက္ခဏာတော်များကို (လုံးဝ) သတိမမူ လျစ်လျူရှု၍ နေခဲ့ကြသည့်အတွက် လည်းကောင်း၊ သမုဒ္ဒရာပင်လယ်၌ နှစ်မြှုပ်တော်မူခဲ့လေသတည်း။
وَأَوْرَثْنَا الْقَوْمَ الَّذِينَ كَانُوا يُسْتَضْعَفُونَ مَشَارِقَ الْأَرْضِ وَمَغَارِبَهَا الَّتِي بَارَكْنَا فِيهَا ۖ وَتَمَّتْ كَلِمَتُ رَبِّكَ الْحُسْنَىٰ عَلَىٰ بَنِي إِسْرَائِيلَ بِمَا صَبَرُوا ۖ وَدَمَّرْنَا مَا كَانَ يَصْنَعُ فِرْعَوْنُ وَقَوْمُهُ وَمَا كَانُوا يَعْرِشُونَ
၎င်းနောက် ငါအရှင်မြတ်သည် အားအင်ချည့်နဲ့သည်ဟု ထင်မြင်ယူဆခြင်းခံခဲ့ကြရသော (အစ္စရာအီလီ) အမျိုးသားတို့အား အကြင်နယ်မြေဒေသ၏ အရှေ့ပိုင်းဒေသများ ကိုလည်းကောင်း၊ အနောက်ပိုင်း ဒေသများကိုလည်းကောင်း၊ စိုးပိုင်စေတော်မူခဲ့လေသည်။ ထိုနယ်မြေဒေသများတွင်ငါအရှင်မြတ်သည် မင်္ဂလာနှင့် ပြည့်စုံစေတော်မူခဲ့၏။ ၎င်းပြင်အစ္စရာအီလီအမျိုးသားတို့နှင့်ပတ်သက်၍ အသင့်အား မွေးမြူတော်မူသောအရှင်၏ အလွန် မွန်မြတ်လှသောကတိတော်သည်လည်း ၎င်းတို့သည်းခံခဲ့ကြသည့်အတွက်ကြောင့် ပြီးမြောက်အတည် ဖြစ်သွားချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း၏အမျိုးသားများ ပြုလုပ်ထားခဲ့ကြသောအရာများကိုလည်းကောင်း၊ မြင့်မားစွာ တည်ဆောက် ထားခဲ့ကြသောအဆောက်အအုံများကိုလည်းကောင်း၊ လုံးဝဖျက်ဆီးတော်မူခဲ့လေသည်။
وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتَوْا عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰ أَصْنَامٍ لَهُمْ ۚ قَالُوا يَا مُوسَى اجْعَلْ لَنَا إِلَٰهًا كَمَا لَهُمْ آلِهَةٌ ۚ قَالَ إِنَّكُمْ قَوْمٌ تَجْهَلُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား သမုဒ္ဒရာပင်လယ်ကို ကူးကျော်ဖြတ်သန်း၍တစ်ဖက်ကမ်းသို့ ရောက်စေတော်မူခဲ့လေသည်။ ထို့နောက်၎င်းတို့သည် အကြင်လူမျိုးတို့ထံ ရောက်ရှိလာကြကုန်သည်။ထိုလူမျိုးတို့သည် မိမိတို့၏ရုပ်ပွားဆင်းတုများကို စွဲလမ်းလျက်ရှိကြ လေသည်။ မိမိတို့၏ရုပ်ပွားဆင်းတုများထံ ချဉ်းကပ်(ကိုးကွယ်)လျက် ရှိကြလေသည်။ (ထိုအခါ) ၎င်း (အစ္စရာအီလီအမျိုးသား) တို့က အို-(နဗီတမန်တော်)မူစာ၊ အသင်သည်ကျွန်ုပ်တို့အဖို့လည်း ၎င်းတို့၌ရှိကုန်သော ကိုးကွယ်ရာများကဲ့သို့ကိုးကွယ်ရာတစ်ဆူကိုပြုလုပ်၍ ပေးပါလော့ဟု ပြောဆိုကြလေသည်။ (ထိုအခါနဗီတမန်တော်)မူစာက(၎င်းတို့အား) အချင်းတို့၊ အသင်တို့သည် ဧကန်စင်စစ် (အလွန်တရာမျှ) အသိတရား ကင်းမဲ့ကြကုန်သော သူမိုက်များပင် ဖြစ်ကြကုန်သည်ဟုပြောဆိုခဲ့လေ၏။

Choose other languages: