Quran Apps in many lanuages:

Surah Al-Ankabut Ayahs #57 Translated in Burmese

وَيَسْتَعْجِلُونَكَ بِالْعَذَابِ ۚ وَلَوْلَا أَجَلٌ مُسَمًّى لَجَاءَهُمُ الْعَذَابُ وَلَيَأْتِيَنَّهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
(အို-နဗီတမန်တော်) ဧကန်စင်စစ် ၎င်းတို့သည် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အသင့်ထံတွင် အဆောတလျင် တောင်းဆိုကြကုန်၏။ သို့ရာတွင် အကယ်၍သာ ကာလအပိုင်းအခြားတစ်ခုသည် သတ်မှတ်ပြဋ္ဌာန်းပြီး မဖြစ်ခဲ့ပါလျှင် ပြစ်ဒဏ်သည် ၎င်းတို့ထံ မုချ ဆိုက်ရောက်ခဲ့ပြီး ဖြစ်ပေမည်။ စင်စစ်သော်ကား ထိုပြစ်ဒဏ်သည် ၎င်းတို့ထံ ရုတ်တရက်မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ ၎င်းတို့သည် (အလျှင်း) သိရှိလိုက်ကြမည်ပင် မဟုတ်ပေ။
يَسْتَعْجِلُونَكَ بِالْعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ
၎င်းတို့သည် အသင့်ထံတွင်ပြစ်ဒဏ်ကို အဆောတလျင် တောင်းဆိုကြကုန်၏။ ၎င်းပြင် ဧကန်မလွဲ ‘ဂျဟန္နမ်’ငရဲဘုံသည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့အား ဝန်းရံလျက်ပင်ရှိပေသည်။
يَوْمَ يَغْشَاهُمُ الْعَذَابُ مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ وَيَقُولُ ذُوقُوا مَا كُنْتُمْ تَعْمَلُونَ
အကြင်နေ့တွင် ပြစ်ဒဏ်သည် ထိုသူတို့အား၊ ထိုသူတို့၏ အထက်မှလည်းကောင်း၊ ထိုသူတို့၏ ခြေများအောက်မှလည်းကောင်း၊ (အဖက်ဖက်မှ) ဖုံးလွှမ်းဝန်းရံလျက် ရှိချေမည်။၎င်းပြင် ထိုအရှင်မြတ်က (၎င်းတို့အား) ‘အသင်တို့သည် မိမိတို့ကျင့်မူ ပြုလုပ်လျက်ရှိခဲ့ကြသည့် (ပြစ်မှုဒုစရိုက်)များ၏ အရသာကို မြည်းစမ်းကြကုန်လော့’ဟု မိန့်ကြားတော် မူအံ့သတည်း။
يَا عِبَادِيَ الَّذِينَ آمَنُوا إِنَّ أَرْضِي وَاسِعَةٌ فَإِيَّايَ فَاعْبُدُونِ
အို-မုအ်မင်န် သက်ဝင် ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ ဧကန်စင်စစ် ငါ အရှင်မြတ်၏ ကမ္ဘာမြေသည် လွန်စွာကျယ်ဝန်းလှပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာ ဆည်းကပ်ကိုးကွယ်ကြလေကုန်။
كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۖ ثُمَّ إِلَيْنَا تُرْجَعُونَ
သက်ရှိသတ္တဝါတိုင်းသည် ‘မရဏ’ သေခြင်းတရား၏အရသာကို မြည်းစမ်းကြရမည်သာတည်း။ ထို့နောက် အသင်တို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရပေမည်။

Choose other languages: