Quran Apps in many lanuages:

Surah Al-Ankabut Ayahs #60 Translated in Burmese

يَا عِبَادِيَ الَّذِينَ آمَنُوا إِنَّ أَرْضِي وَاسِعَةٌ فَإِيَّايَ فَاعْبُدُونِ
အို-မုအ်မင်န် သက်ဝင် ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ ဧကန်စင်စစ် ငါ အရှင်မြတ်၏ ကမ္ဘာမြေသည် လွန်စွာကျယ်ဝန်းလှပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာ ဆည်းကပ်ကိုးကွယ်ကြလေကုန်။
كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۖ ثُمَّ إِلَيْنَا تُرْجَعُونَ
သက်ရှိသတ္တဝါတိုင်းသည် ‘မရဏ’ သေခြင်းတရား၏အရသာကို မြည်းစမ်းကြရမည်သာတည်း။ ထို့နောက် အသင်တို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရပေမည်။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُبَوِّئَنَّهُمْ مِنَ الْجَنَّةِ غُرَفًا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ نِعْمَ أَجْرُ الْعَامِلِينَ
သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့မှာမူကား အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ဂျန္နတ်သုခဘုံ၌ မြင့်စွင့်လှစွာသော အဆောင်များတွင် နေရာချပေးတော်မူမည်။ ယင်း အဆောင်များ၏အောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (၎င်းတို့သည်)ယင်းအဆောင်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ပင်ပန်းကြီးစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော (သူတော်ကောင်း)တို့၏ အကျိုးကား လွန်စွာကောင်းမြတ်လှပါဘိတကား။
الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
အကြင်(ပင်ပန်းကြီးစွာ လုပ်ကိုင်ဆောင်ခဲ့ကြ)သူတို့သည် (မုရှ်ရစ်က်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အစ္စလာမ်သာသနာတော် ထွန်းကားစေခြင်းငှာ မိမိတို့၏ အိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ကို စွန့်၍ ထွက်ခွာသွားကြရသည်နှင့် စပ်လျဉ်း၍လည်းကောင်း၊) သည်းခံခြင်းတရား ထားရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ကြကုန်၏။
وَكَأَيِّنْ مِنْ دَابَّةٍ لَا تَحْمِلُ رِزْقَهَا اللَّهُ يَرْزُقُهَا وَإِيَّاكُمْ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
စင်စစ်သော်ကား မြောက်မြားစွာသော တိရစ္ဆာန်တို့မှာ မိမိတို့၏စားနပ်ရိက္ခာကို သယ်ပိုးထားကြသည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည်ပင် ထိုတိရစ္ဆာန်တို့ကိုလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ စားနပ်ရိက္ခာကို ပေးသနားတော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်အလုံးစုံတို့ကို အကြွင်းမဲ့ကြားတော်မူသော၊ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: