Quran Apps in many lanuages:

Surah Al-Ankabut Ayahs #62 Translated in Burmese

وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُبَوِّئَنَّهُمْ مِنَ الْجَنَّةِ غُرَفًا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ نِعْمَ أَجْرُ الْعَامِلِينَ
သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့မှာမူကား အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ဂျန္နတ်သုခဘုံ၌ မြင့်စွင့်လှစွာသော အဆောင်များတွင် နေရာချပေးတော်မူမည်။ ယင်း အဆောင်များ၏အောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (၎င်းတို့သည်)ယင်းအဆောင်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ပင်ပန်းကြီးစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော (သူတော်ကောင်း)တို့၏ အကျိုးကား လွန်စွာကောင်းမြတ်လှပါဘိတကား။
الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
အကြင်(ပင်ပန်းကြီးစွာ လုပ်ကိုင်ဆောင်ခဲ့ကြ)သူတို့သည် (မုရှ်ရစ်က်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အစ္စလာမ်သာသနာတော် ထွန်းကားစေခြင်းငှာ မိမိတို့၏ အိုးအိမ်စည်းစိမ် ခပ်သိမ်းတို့ကို စွန့်၍ ထွက်ခွာသွားကြရသည်နှင့် စပ်လျဉ်း၍လည်းကောင်း၊) သည်းခံခြင်းတရား ထားရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ကြကုန်၏။
وَكَأَيِّنْ مِنْ دَابَّةٍ لَا تَحْمِلُ رِزْقَهَا اللَّهُ يَرْزُقُهَا وَإِيَّاكُمْ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
စင်စစ်သော်ကား မြောက်မြားစွာသော တိရစ္ဆာန်တို့မှာ မိမိတို့၏စားနပ်ရိက္ခာကို သယ်ပိုးထားကြသည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည်ပင် ထိုတိရစ္ဆာန်တို့ကိုလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ စားနပ်ရိက္ခာကို ပေးသနားတော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်အလုံးစုံတို့ကို အကြွင်းမဲ့ကြားတော်မူသော၊ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَسَخَّرَ الشَّمْسَ وَالْقَمَرَ لَيَقُولُنَّ اللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ
စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား "မည်သူသည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းခဲ့သနည်း၊ ထိုနည်းတူစွာ မည်သူသည် လေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ပိုင်နိုင်စွာ ခိုင်းစေသနည်း"ဟု မေးမြန်းခဲ့ပါလျှင် ၎င်းတို့သည် ‘အလ္လာဟ်အရှင်မြတ်’ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ သို့ပါလျက် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်း ဖြစ်တော်မူကြောင်းကို ယုံကြည်လက်ခံခြင်းမပြုဘဲ) အဘယ်သို့ လှည့်သွားကုန်ကြသနည်း။
اللَّهُ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့် ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တိုင်းထွာ၍ပေးတော်မူ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။

Choose other languages: