Quran Apps in many lanuages:

Surah Al-Anfal Ayahs #7 Translated in Burmese

8:3
الَّذِينَ يُقِيمُونَ الصَّلَاةَ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
အကြင်သူတို့သည် ဆွလာတ် ဝတ်ပြုမှုကို အမြဲမပြတ် ဆောက်တည်ကြကုန်၏။ ထို့ပြင် ၎င်းတို့အား ငါအရှင်မြတ်ချီး မြှင့်ပေးသနားတော် မူသည်များအနက်မှ(လှူဒါန်း)သုံးစွဲကြကုန်သတည်း။
8:4
أُولَٰئِكَ هُمُ الْمُؤْمِنُونَ حَقًّا ۚ لَهُمْ دَرَجَاتٌ عِنْدَ رَبِّهِمْ وَمَغْفِرَةٌ وَرِزْقٌ كَرِيمٌ
ဤသူများပင် မုအ်မင်န် သက်ဝင်ယုံကြည်သူအစစ်အမှန်များ ဖြစ်ကြကုန်၏။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌(မြင့်မြတ်လှသော) အဆင့်အတန်းများသည် လည်းကောင်း၊ (အပြစ်များမှ)လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မင်္ဂလာနှင့်ပြည့်စုံသော (ဂုဏ်ရှိသော) ရိက္ခာသည်လည်းကောင်း၊ ရှိချေသတည်း။
8:5
كَمَا أَخْرَجَكَ رَبُّكَ مِنْ بَيْتِكَ بِالْحَقِّ وَإِنَّ فَرِيقًا مِنَ الْمُؤْمِنِينَ لَكَارِهُونَ
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မှန်ကန်စွာဆုံးဖြတ်၍ အသင့်ကို အသင်၏အိမ်မှထွက်စေတော်မူသကဲ့သို့ပင်။ စင်စစ် သော်ကား(ထိုအချိန်ကလည်း) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အနက်မှ လူတစ်စုသည်(ယင်းသို့ထွက်ကြရသည်ကို)မနှစ်သက်မလိုလား ခဲ့ကြချေ။
8:6
يُجَادِلُونَكَ فِي الْحَقِّ بَعْدَمَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى الْمَوْتِ وَهُمْ يَنْظُرُونَ
၎င်းတို့သည် မှန်ကန်သော အကြောင်းတရားနှင့်စပ်လျဉ်း၍ ထိုမှန်ကန်သောအကြောင်းတရားသည် ထင်ရှားခဲ့ပြီးနောက် မိမိတို့သည် သေရာသို့မောင်းနှင်ခြင်းခံရ၍(မရဏသေခြင်းတရားကို မျက်ဝါးထင်ထင်) မြင်နေကြရဘိသကဲ့သို့ပင် အသင်နှင့် စကားငြင်းခုံ ပြောဆိုခဲ့ကြကုန်သတည်း။
8:7
وَإِذْ يَعِدُكُمُ اللَّهُ إِحْدَى الطَّائِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ الشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ اللَّهُ أَنْ يُحِقَّ الْحَقَّ بِكَلِمَاتِهِ وَيَقْطَعَ دَابِرَ الْكَافِرِينَ
၎င်းပြင် (ပြန်လည်၍ သတိရကြ လေကုန်)အကြင် အခါဝယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအုပ်စုနှစ်စုအနက် တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည်အသင် တို့၏လက်တွင်းသို့ အမှန်ပင်ကျရောက်လိမ့်မည်ဟုကတိပြုလျက် ရှိတော်မူခဲ့လေသည်။ သို့ရာတွင် အသင်တို့မူကားဆူးငြောင့် (ဝါ) လက်နက်မပါသော အုပ်စုသည်သာလျှင် မိမိတို့လက်တွင်းသို့ ကျရောက်ရန် မျှော်ခေါ်တောင့်တလျက်ရှိကြကုန်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိအမိန့်တော်များဖြင့် ထင်ရှားတော်မူရန်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏အခြေအမြစ်ကို (လုံးဝ) ဖြတ်တောက်ပစ်တော်မူရန် လည်းကောင်း၊ ရည်စူးတော်မူချေသတည်း။

Choose other languages: