Quran Apps in many lanuages:

Surah Al-Anbiya Ayahs #99 Translated in Burmese

وَحَرَامٌ عَلَىٰ قَرْيَةٍ أَهْلَكْنَاهَا أَنَّهُمْ لَا يَرْجِعُونَ
စင်စစ်သော်ကား မည်သည့်မြို့ရွာကိုမဆို ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့ပါလျှင် ထိုမြို့သူ မြို့သားတို့အား (ဤလောကသို့ ၎င်းတို့ ပြန်လာကြရန် မဖြစ်နိုင်ပေ)။
حَتَّىٰ إِذَا فُتِحَتْ يَأْجُوجُ وَمَأْجُوجُ وَهُمْ مِنْ كُلِّ حَدَبٍ يَنْسِلُونَ
နောက်ဆုံးတွင် ‘ယအ်ဂျူဂျ်’နှင့် ‘မအ်ဂျူဂျ်’(လူမျိုးတို့သည် လွတ်လပ်ခဲ့ကြပြီ)၊ (ဖွင့်ပေးခြင်း ခံရသောအခါ)(ကမ္ဘာမြေဝယ်ရှိ) ကုန်းမြင့်တိုင်းမှ လျင်မြန်စွာ(ဆင်း၍) လာကြပေမည်။
وَاقْتَرَبَ الْوَعْدُ الْحَقُّ فَإِذَا هِيَ شَاخِصَةٌ أَبْصَارُ الَّذِينَ كَفَرُوا يَا وَيْلَنَا قَدْ كُنَّا فِي غَفْلَةٍ مِنْ هَٰذَا بَلْ كُنَّا ظَالِمِينَ
၎င်းပြင် မှန်ကန်စွာ ချိန်းချက်ထားသောအချိန်ကာလ(ကိယာမတ်နေ့)သည် နီးကပ်၍ လာခဲ့သောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏မျက်လုံးများကား ပြူးကျယ်လျက် ရှိကြပေမည်။ (ထိုအခါ ၎င်းတို့သည်) ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ မချွတ်ဧကန် ကျွန်ုပ်တို့သည် ဤ(ကိယာ မတ်နေ့)ကိုဂရုမထား မေ့လျော့၍သာ နေခဲ့ကြလေသည်။ စင်စစ်မှာကား ကျွန်ုပ်တို့သည်သာလျှင် အပြစ်ကျူးလွန်သူများ ဖြစ်ကြသည်ဟု ညည်းညူမြည်တမ်း ကြပေမည်။
إِنَّكُمْ وَمَا تَعْبُدُونَ مِنْ دُونِ اللَّهِ حَصَبُ جَهَنَّمَ أَنْتُمْ لَهَا وَارِدُونَ
ဧကန်စင်စစ် အသင်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ကိုးကွယ်ကြ သည်များသည်လည်းကောင်း၊ ဂျဟန္နမ်ငရဲဘုံ၏ လောင်စာများပင် ဖြစ်ကြကုန်၏။ အသင်တို့အားလုံး ပင် ယင်းဂျဟန္နမ်ငရဲဘုံတွင်းသို့ ဆိုက်ရောက်ရမည့် သူများသာ ဖြစ်ကြကုန်၏။
لَوْ كَانَ هَٰؤُلَاءِ آلِهَةً مَا وَرَدُوهَا ۖ وَكُلٌّ فِيهَا خَالِدُونَ
အကယ်၍သာ ဤသည်တို့သည် ကိုးကွယ်ရာများဖြစ်ကြပါလျှင် ယင်းဂျဟန္နမ် ငရဲဘုံတွင်းသို့ ဆိုက်ရောက်ကြမည်မဟုတ်ပေ။ သို့ရာတွင် (ယခုသော်ကား)၄င်းတို့အားလုံးပင် ယင်းဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြရမည့်သူများဖြစ်ကြချေပြီ။

Choose other languages: