Quran Apps in many lanuages:

Surah Al-Anbiya Ayahs #60 Translated in Burmese

قَالَ بَلْ رَبُّكُمْ رَبُّ السَّمَاوَاتِ وَالْأَرْضِ الَّذِي فَطَرَهُنَّ وَأَنَا عَلَىٰ ذَٰلِكُمْ مِنَ الشَّاهِدِينَ
အိဗ်ရာဟီမ်က ထိုသို့အလျင်းမဟုတ်။ စင်စစ် အသင်တို့၏ အရှင်သခင်သည်ကား မိုးကောင်းကင်များနှင့်ပထဝီမြေကို စိုးပင်တော်မူသော အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းအပြင် ငါသည်ဤသည်နှင့်စပ်လျဉ်း၍ သက်သေများတွင် တစ်ဦးအပါအဝင်ပင်ဖြစ်သည်ဟု (ဖြေကြား)ခဲ့လေသည်။
وَتَاللَّهِ لَأَكِيدَنَّ أَصْنَامَكُمْ بَعْدَ أَنْ تُوَلُّوا مُدْبِرِينَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ကစမ်၊ ငါသည်အသင်တို့၏ (ကိုးကွယ်ရာဖြစ်သော) ရုပ်ပွားဆင်းတု များနှင့်စပ်လျဉ်း၍ အသင်တို့ပြန်သွားကြပြီးနောက် လျှို့ဝှက်ကြံစည်မည်ဖြစ်သည်။
فَجَعَلَهُمْ جُذَاذًا إِلَّا كَبِيرًا لَهُمْ لَعَلَّهُمْ إِلَيْهِ يَرْجِعُونَ
ထို့နောက် ထိုအိဗ်ရာဟီမ်သည် ယင်းရုပ်ပွားဆင်းတုတော်များကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ခဲ့လေသည်။ သို့ရာတွင် ယင်းတို့အနက် အကြီးဆုံးကိုမူကား ချန်၍ထားခဲ့လေ၏။ သို့မှသာလျှင် ၎င်းတို့သည် ထိုတမန်တော်အိဗ်ရာဟီမ်ထံသို့ (စုံစမ်းရန်) ပြန်လာကြပေမည်။
قَالُوا مَنْ فَعَلَ هَٰذَا بِآلِهَتِنَا إِنَّهُ لَمِنَ الظَّالِمِينَ
ယင်းအမျိုးသားတို့က ကျွန်ုပ်တို့၏ကိုးကွယ်ရာများကို မည်သူသည် ဤသို့ပြုလုပ်ခဲ့ပါဘိသနည်း။ ဧကန်မလွဲ ထိုသူသည် ကျူးကျော်စော်ကားသူတစ်ဦးပင် ဖြစ်သည်ဟုပြောဆိုခဲ့ကြကုန်၏။
قَالُوا سَمِعْنَا فَتًى يَذْكُرُهُمْ يُقَالُ لَهُ إِبْرَاهِيمُ
ယင်းအမျိုးသားတို့(အနက်အချို့)ကကျွန်ုပ်တို့သည် အိဗ်ရာဟီမ်ဟုခေါ်တွင်သော လူငယ်တစ်ဦးအား ဤ(ကျွန်ုပ်တို့၏ကိုးကွယ်ရာ)တို့ကို (ပြစ်တင်) ပြောဆိုသည်ကိုကြားဖူးခဲ့ကြသည်ဟု ပြောကြကုန်၏။

Choose other languages: