Quran Apps in many lanuages:

Surah Al-Anbiya Ayahs #57 Translated in Burmese

قَالُوا وَجَدْنَا آبَاءَنَا لَهَا عَابِدِينَ
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ဘိုးဘေးတို့အား ဤရုပ်တုများကိုကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြသည်ဟု ပြောဆို(ဖြေကြား) ခဲ့ကြလေသည်။
قَالَ لَقَدْ كُنْتُمْ أَنْتُمْ وَآبَاؤُكُمْ فِي ضَلَالٍ مُبِينٍ
ထိုအိဗ်ရာဟီမ်က အသင်တို့သည်လည်းကောင်း၊အသင်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထင်ရှားစွာသော မှောက်မှားမှု၌ပင် ရှိခဲ့ကြကုန်သည်ဟု ပြောကြားခဲ့၏။
قَالُوا أَجِئْتَنَا بِالْحَقِّ أَمْ أَنْتَ مِنَ اللَّاعِبِينَ
၎င်းတို့က(အို-အိဗ်ရာဟီမ်)အသင်သည် ကျွန်ုပ်တို့ထံ အမှန်ကို ယူဆောင်လာခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် ပြက်ချော်ပြောင်လှောင်သူတစ်ဦးပင် ဖြစ်လေသလောဟု ပြောဆိုခဲ့ကြကုန်၏။
قَالَ بَلْ رَبُّكُمْ رَبُّ السَّمَاوَاتِ وَالْأَرْضِ الَّذِي فَطَرَهُنَّ وَأَنَا عَلَىٰ ذَٰلِكُمْ مِنَ الشَّاهِدِينَ
အိဗ်ရာဟီမ်က ထိုသို့အလျင်းမဟုတ်။ စင်စစ် အသင်တို့၏ အရှင်သခင်သည်ကား မိုးကောင်းကင်များနှင့်ပထဝီမြေကို စိုးပင်တော်မူသော အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၄င်းအပြင် ငါသည်ဤသည်နှင့်စပ်လျဉ်း၍ သက်သေများတွင် တစ်ဦးအပါအဝင်ပင်ဖြစ်သည်ဟု (ဖြေကြား)ခဲ့လေသည်။
وَتَاللَّهِ لَأَكِيدَنَّ أَصْنَامَكُمْ بَعْدَ أَنْ تُوَلُّوا مُدْبِرِينَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ကစမ်၊ ငါသည်အသင်တို့၏ (ကိုးကွယ်ရာဖြစ်သော) ရုပ်ပွားဆင်းတု များနှင့်စပ်လျဉ်း၍ အသင်တို့ပြန်သွားကြပြီးနောက် လျှို့ဝှက်ကြံစည်မည်ဖြစ်သည်။

Choose other languages: