Quran Apps in many lanuages:

Surah Al-Anaam Ayahs #5 Translated in Burmese

6:1
الْحَمْدُ لِلَّهِ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَجَعَلَ الظُّلُمَاتِ وَالنُّورَ ۖ ثُمَّ الَّذِينَ كَفَرُوا بِرَبِّهِمْ يَعْدِلُونَ
အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။
6:2
هُوَ الَّذِي خَلَقَكُمْ مِنْ طِينٍ ثُمَّ قَضَىٰ أَجَلًا ۖ وَأَجَلٌ مُسَمًّى عِنْدَهُ ۖ ثُمَّ أَنْتُمْ تَمْتَرُونَ
ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အားရွှံ့မြေဖြင့် ဖန်ဆင်းတော်မူပြီးနောက် (အသက်သေဆုံး စေရန်)အချိန်တချိန်ကို သတ်မှတ်ပြဋ္ဌာန်း တော်မူခဲ့သောအရှင်ပင်ဖြစ်ပေသည်။ ၎င်းပြင် (ရှင်ပြန်ထစေရန်)အချိန်သည် ထိုအရှင်မြတ်ထံတော် ၌သာ သတ်မှတ်ပြဌာန်းပြီးဖြစ်၏။သို့ပါလျက် အသင်တို့သည် ဒွိဟသံသယ ဖြစ်ကြကုန်သတည်း။
6:3
وَهُوَ اللَّهُ فِي السَّمَاوَاتِ وَفِي الْأَرْضِ ۖ يَعْلَمُ سِرَّكُمْ وَجَهْرَكُمْ وَيَعْلَمُ مَا تَكْسِبُونَ
အမှန်စင်စစ် မိုးများနှင့်မြေတွင်၊ ထိုအလ္လာဟ်အရှင်မြတ်သည်သာလျှင်၊ ကိုးကွယ်ခြင်းကို ခံထိုက် သောမူသော (တစ်ဆူတည်းသော)အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အသင်တို့၏လျှို့ဝှက် ထားသောအဖြစ်အပျက်အခြေအနေကိုလည်းကောင်း၊ အသင် တို့၏ပေါ်လွင်ထင်ရှားစေသောအဖြစ်အပျက် အခြေအနေကိုလည်းကောင်း၊ သိတော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှာဖွေဆည်းပူး ပြုလုပ်ကြသမျှသော အရာများကိုလည်း (အကြွင်းမဲ့) သိတော်မူသည်။
6:4
وَمَا تَأْتِيهِمْ مِنْ آيَةٍ مِنْ آيَاتِ رَبِّهِمْ إِلَّا كَانُوا عَنْهَا مُعْرِضِينَ
၎င်းပြင် ထိုသူတို့ထံ ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ မည်သည့် သက်သေသာဓကလက္ခဏာမျိုးမဆို ဆိုက်ရောက်လာခဲ့သည်ရှိသော်ထိုသူတို့သည် ထိုသက်သေသာဓက လက္ခဏာတော်များမှမျက်နှာလွှဲဖယ် ကျောခိုင်းသွားကြသည်ချည်းသာတည်း။
6:5
فَقَدْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ ۖ فَسَوْفَ يَأْتِيهِمْ أَنْبَاءُ مَا كَانُوا بِهِ يَسْتَهْزِئُونَ
သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။

Choose other languages: