Quran Apps in many lanuages:

Surah Al-Anaam Ayahs #165 Translated in Burmese

قُلْ إِنَّنِي هَدَانِي رَبِّي إِلَىٰ صِرَاطٍ مُسْتَقِيمٍ دِينًا قِيَمًا مِلَّةَ إِبْرَاهِيمَ حَنِيفًا ۚ وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။
قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာတ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏(အခြားအခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန် သာလျှင်ဖြစ်သည်။
لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ
ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။
قُلْ أَغَيْرَ اللَّهِ أَبْغِي رَبًّا وَهُوَ رَبُّ كُلِّ شَيْءٍ ۚ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ ثُمَّ إِلَىٰ رَبِّكُمْ مَرْجِعُكُمْ فَيُنَبِّئُكُمْ بِمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန် ထပ်မံ၍ ဤသို့) ပြောကြားပါဦးလေ။ (အချင်းတို့)ငါသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားကို ဖန်ဆင်းမွေးမြူသောအရှင်အဖြစ် ရှာဖွေရပါမည်လော။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။၎င်းပြင်မည်သူမဆို (တစ်စုံတစ်ရာကို) ရှာဖွေ ဆည်းပူး ပြုလုပ်ခဲ့သော်ထိုသူ၏အပေါ်၌သာလျှင်ရှိပေအံ့။ ထို့ပြင် သယ်ပိုးသူတဦးမျှပင် သူတစ်ပါး၏ဝန်ကို သယ်ပိုးလိမ့်မည်မဟုတ်ပေ။ ထို့နောက်အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော် သို့သာလျှင်ပြန်ကြရမည်။ ထိုအခါ ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား၊ အသင်တို့ကွဲပြားလျက်ရှိခဲ့ကြသော ကိစ္စများကို သိစေတော်မူမည်။
وَهُوَ الَّذِي جَعَلَكُمْ خَلَائِفَ الْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِيَبْلُوَكُمْ فِي مَا آتَاكُمْ ۗ إِنَّ رَبَّكَ سَرِيعُ الْعِقَابِ وَإِنَّهُ لَغَفُورٌ رَحِيمٌ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားပထဝီမြေပြင်၌ ကိုယ်စားလှယ်များအဖြစ် ချီးမြှင့် တော်မူခဲ့လေသည်။ ၎င်းအပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားမိမိချီးမြှင့်ထားတော်မူသော ကျေးဇူးတော်များနှင့်စပ်လျဉ်း၍စမ်းသပ်တော်မူခြင်းငှာ အသင်တို့အနက် အချို့ကို အဆင့်အတန်းအားဖြင့် အချို့ထက် မြင့်စေတော်မူခဲ့၏။ ဧကန်စင်စစ်အသင့်အား မွေးမြူတော်မူ သောအရှင်မြတ်သည် လျှင်မြန်စွာပြစ်ဒဏ်ပေး တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။၎င်းပြင် ထိုအရှင်မြတ်သည် အလွန်လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။(ရကူ)

Choose other languages: