Quran Apps in many lanuages:

Surah Al-Anaam Ayahs #104 Translated in Burmese

وَجَعَلُوا لِلَّهِ شُرَكَاءَ الْجِنَّ وَخَلَقَهُمْ ۖ وَخَرَقُوا لَهُ بَنِينَ وَبَنَاتٍ بِغَيْرِ عِلْمٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يَصِفُونَ
သို့ပါလျက် ထိုသူများသည် ဂျင်န်(န်)သတ္တဝါများကို အလ္လာဟ်အရှင်မြတ်၏တွဲဖက်များ ပြုခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်) အရှင်မြတ်သည်ပင်လျှင်ယင်း(မွတ်ရှ်ရစ်က်တို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ (ဂျင်န်များကဖန်ဆင်းထားသည်မဟုတ်၊) လည်းကောင်းပြင် ယင်းတို့သည် မသိနားမလည်ကြဘဲလျက် အလ္လာဟ်အရှင်မြတ်၌သားသမီးများ ရှိသည်ဟူ၍ ကြံစည်စွပ်စွဲ ပြောဆိုကြလေ၏။ထိုအရှင်မြတ်သည် ၎င်းတို့စွပ်စွဲပြောဆိုကြသည်တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်လှတော်မူပေသတည်း။(ရကူ)
بَدِيعُ السَّمَاوَاتِ وَالْأَرْضِ ۖ أَنَّىٰ يَكُونُ لَهُ وَلَدٌ وَلَمْ تَكُنْ لَهُ صَاحِبَةٌ ۖ وَخَلَقَ كُلَّ شَيْءٍ ۖ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ
(ထိုအရှင်မြတ်သည်) မိုးများနှင့်ပထဝီမြေကိုစတင်ဖန်ဆင်းတီထွင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်၌ ကြင်ရာကြင်ဘက်မရှိဘဲလျက်အဘယ်မှာလျှင် ထိုအရှင်မြတ်၌ သားသမီးရှိနိုင်ပါအံ့နည်း။စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
ذَٰلِكُمُ اللَّهُ رَبُّكُمْ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ خَالِقُ كُلِّ شَيْءٍ فَاعْبُدُوهُ ۚ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
(ဤသည်) ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအလ္လာဟ် အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိပြီ။(ထိုအရှင်မြတ်သည်) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလေကုန်။ စင်စစ်သော် ကားထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို စီမံခန့်ခွဲပြီးငြိမ်းစေတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
لَا تُدْرِكُهُ الْأَبْصَارُ وَهُوَ يُدْرِكُ الْأَبْصَارَ ۖ وَهُوَ اللَّطِيفُ الْخَبِيرُ
(မံသ)စက္ခုများသည် ထိုအရှင်မြတ်အား (စိတ်ငုံ)မိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာကား(မံသ)စက္ခုများကို (စိတ်ငုံ) ငုံမိလျက် ရှိတော်မူချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်နက်နဲသိမ်မွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ် ဖြစ်ပေသတည်း။
قَدْ جَاءَكُمْ بَصَائِرُ مِنْ رَبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِ ۖ وَمَنْ عَمِيَ فَعَلَيْهَا ۚ وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို(ထိုသက်သေခံ များကို)မြင်ပါလျှင်၊ ထိုသူ၏အဖို့သာ အကျိုးရှိအံ့။ ထိုနည်းတူစွာ မည်သူမဆိုမျက်စိကန်းလျက်နေပါလျှင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့။ အမှန်သော်ကား ကျွန်ုပ်သည် အသင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပေ။

Choose other languages: