Quran Apps in many lanuages:

Surah Al-Ahzab Ayahs #25 Translated in Burmese

لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا
ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ကြောက်ရွံ့သည့်ပြင် အလ္လာဟ်အရှင်မြတ်အား များစွာ အောက်မေ့တçသç သတိရလျက်ရှိသူ၏အဖို့ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိပေသည်။
وَلَمَّا رَأَى الْمُؤْمِنُونَ الْأَحْزَابَ قَالُوا هَٰذَا مَا وَعَدَنَا اللَّهُ وَرَسُولُهُ وَصَدَقَ اللَّهُ وَرَسُولُهُ ۚ وَمَا زَادَهُمْ إِلَّا إِيمَانًا وَتَسْلِيمًا
အမှန်စင်စစ်သော်ကား မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့သည် သွေးစည်းထားသောအုပ်စု တို့အားတွေ့မြင်ခဲ့ကြသောအခါ ဤသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်မြတ်သည်လည်းကောင်း၊ ချိန်းချက်တော်မူခဲ့သောကိစ္စပင်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ် တမန်တော်မြတ်သည်လည်းကောင်း၊ မှန်ကန်စွာ(သတင်းပေး)မိန့်ကြားတော်မူခဲ့သည်ဟုပြောဆိုကြကုန်၏။ ထိုမှတစ်ပါး ယင်းကိစ္စသည် ၎င်းတို့၌ အီမာန်ယုံကြည်မှုနှင့်လိုက်နာမှုကိုသာ တိုးပွားများပြားစေခဲ့လေသတည်း။
مِنَ الْمُؤْمِنِينَ رِجَالٌ صَدَقُوا مَا عَاهَدُوا اللَّهَ عَلَيْهِ ۖ فَمِنْهُمْ مَنْ قَضَىٰ نَحْبَهُ وَمِنْهُمْ مَنْ يَنْتَظِرُ ۖ وَمَا بَدَّلُوا تَبْدِيلًا
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အနက်အလ္လာဟ်အရှင်မြတ်နှင့် မိမိတို့ထားရှိခဲ့ကြသော ပဋိညာဉ်နှင့်အညီ မှန်ကန်စွာပြုလုပ်ခဲ့ကြသူများလည်း ရှိကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့အနက် မိမိတို့၏အဓိဋ္ဌာန်ကို ပြီးစီးအောင်ဆောင်ရွက်ခဲ့သူများလည်းရှိကြ၏။ ထို့ပြင် ၎င်းတို့အနက်(မိမိတို့၏ အဓိဋ္ဌာန်ကို ပြီးစီးအောင်ဆောင်ရွက်ရန်)စောင့်စားနေသူများလည်းရှိကြကုန်၏။ ၎င်းတို့သည် အနည်းငယ် စိုးစဉ်းမျှပင် မပြောင်းလဲခဲ့ကြပေ။
لِيَجْزِيَ اللَّهُ الصَّادِقِينَ بِصِدْقِهِمْ وَيُعَذِّبَ الْمُنَافِقِينَ إِنْ شَاءَ أَوْ يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
(ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သစ္စာဝါဒီတို့အား ထိုသူတို့၏သစ္စာရှိမှုကြောင့် အစားပေးတော်မူအံ့သောငှာလည်းကောင်း၊ အကယ်၍ အလိုရှိတော်မူခဲ့ပါလျှင် မုနာဖစ်က် အယောင်ဆောင် မုစ်လင်မ်တို့အားပြစ်ဒဏ် ပေးတော်မူအံ့သောငှာ သို့မဟုတ် (အလိုရှိတော်မူပါလျှင်) ထိုသူတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူအံ့ သောငှာလည်းကောင်း၊ ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာပေးသနားတော်မူသော၊ အလွန်တရာ ကရုဏာပြုတော် မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
وَرَدَّ اللَّهُ الَّذِينَ كَفَرُوا بِغَيْظِهِمْ لَمْ يَنَالُوا خَيْرًا ۚ وَكَفَى اللَّهُ الْمُؤْمِنِينَ الْقِتَالَ ۚ وَكَانَ اللَّهُ قَوِيًّا عَزِيزًا
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အား ၎င်းတို့သည် မည်သည့် ကောင်းကျိုးကိုမျှ မရရှိခဲ့ကြဘဲ၊ ၎င်းတို့၏ အမျက်ဒေါသနှင့်တကွ ပြန်သွားစေတော်မူခဲ့၏။ ၎င်းပြင် စစ်မက်တိုက်ခိုက်ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ လုံလောက်တော်မူခဲ့၏။ စင်စစ်မှာကားအလ္လာဟ် အရှင်မြတ်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော၊ အလွန်တရာ လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: