Quran Apps in many lanuages:

Surah Adh-Dhariyat Ayahs #30 Translated in Burmese

فَرَاغَ إِلَىٰ أَهْلِهِ فَجَاءَ بِعِجْلٍ سَمِينٍ
တစ်ဖန် ထိုအိဗ်ရာဟီမ်သည် မိမိအိမ်(ထဲ)သို့ဝင်ပြီးလျှင်(ကင်ထားသော)ဝဖြိုးသည့် နွားကလေးတစ်ကောင်ကို ယူလာခဲ့လေ၏။
فَقَرَّبَهُ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ
ပြီးနောက် (ကင်ထားသော) ထိုနွားကလေးကို ထိုဧည့်သည်တို့အပါး၌ နေရာတကျ တည်ခင်း(ဧည့်ခံ)ခဲ့လေ၏။ (ထို့နောက် ဧည့်သည်တို့အား) အသင်တို့သည် အဘယ်ကြောင့် မစားကြပါသနည်းဟု မေးမြန်းခဲ့၏။
فَأَوْجَسَ مِنْهُمْ خِيفَةً ۖ قَالُوا لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَامٍ عَلِيمٍ
ထို့နောက် (၎င်းတို့စားသုံးခြင်း မပြုကြသောကြောင့်) ထိုအိဗ်ရာဟီမ်သည် မိမိစိတ်ထဲတွင် ၎င်းတို့ ဘက်မှစိုးရိမ်လာခဲ့လေ၏။ (ထိုအခါ) ၎င်းတို့က အသင်သည် မစိုးရိမ်ပါလေနှင့်ဟု ပြောဆိုကြ၏။ ထို့ပြင် ၎င်းတို့သည် ထိုအိဗ်ရာဟီမ်အား အလွန်တရာ အသိပညာနှင့်ပြည့်စုံသော သားရတနာတစ်ပါးနှင့် ပတ်သက်၍ သတင်းကောင်း ပြောကြားခဲ့ကြ၏။
فَأَقْبَلَتِ امْرَأَتُهُ فِي صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ
ထိုရောကာလ ထိုအိဗ်ရာဟီမ်၏ ဇနီးကြင်ရာသည် အသံကျယ်စွာ ပြောဆိုညည်းညူလျက် ရှေ့သို့ရောက်ရှိ၍လာပြီးလျှင် မိမိနဖူးကို လက်ဝါးဖြင့်ရိုက်ကာ အသက်အရွယ် ကြီးရင့်အိုမင်းလျက်ရှိသော မြုံ၍နေသော မိန်းမတစ်ဦးသည်(သားဖွားဦးမည်လော)ဟု ပြောဆိုခဲ့လေ၏။
قَالُوا كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُ هُوَ الْحَكِيمُ الْعَلِيمُ
ထို့အခါ ထိုဧည့်သည်တော်တို့က အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် နက်နဲသိမ်မွေ့သော အသိပညာနှင့် ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို)အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟူ၍ ပြန်ကြားခဲ့ကြကုန်သတည်း။

Choose other languages: