Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #96 Translated in Burmese

لَنْ تَنَالُوا الْبِرَّ حَتَّىٰ تُنْفِقُوا مِمَّا تُحِبُّونَ ۚ وَمَا تُنْفِقُوا مِنْ شَيْءٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်မိမိတို့ နှစ်သက်ကြကုန်သော ဥစ္စာပစ္စည်းများအနက်မှ၊လှူဒါန်းသုံးစွဲခြင်း မပြုသမျှ ကာလပတ်လုံး၊ မြင့်မြတ်သောအကျင့်တရားအစစ် အမှန်(၏ အကျိုးကျေးဇူး) ကိုမည်သည့်နည်းနှင့်မျှ ရယူနိုင်ကြမည် မဟုတ်ပေ။ ၎င်းပြင်မည်သည့်အရာမဆို အသင်တို့ လှူဒါန်း သုံးစွဲကြပါမူ၊အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။
كُلُّ الطَّعَامِ كَانَ حِلًّا لِبَنِي إِسْرَائِيلَ إِلَّا مَا حَرَّمَ إِسْرَائِيلُ عَلَىٰ نَفْسِهِ مِنْ قَبْلِ أَنْ تُنَزَّلَ التَّوْرَاةُ ۗ قُلْ فَأْتُوا بِالتَّوْرَاةِ فَاتْلُوهَا إِنْ كُنْتُمْ صَادِقِينَ
တောင်ရာတ် ကျမ်းမြတ်မကျရောက်မီ [နဗီတမန်တော် အစ္စရာအီလ် (ဝါ) ယအ်ကူဗ် (အလိုင်ဟစ္စလာမ်)]သည်(တင်ကြောလျှောက်နာ ဖြစ်ခဲ့သဖြင့်] မိမိအဖို့ မြစ်တားခဲ့သော အရာ [(ဝါ)ကုလားအုတ်သား)]မှအပ(ယေဘုယျအားဖြင့် လူအများစားသုံးကြကုန်သောအခြား) စားဘွယ်သောက်ဖွယ် အားလုံးတို့သည် အစ္စရာအီလ်၏မျိုးနွယ်များအဖို့(စား) ခွင့်ပြုပြီး ဖြစ်ခဲ့လေသည်။ (သို့ဖြစ်ပေရာ အိုနဗီတမန်တော်ကုလားအုတ် သားကိုမစားရဟု နဗီတမန်တော်အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) လက်ထက်ကပင်ပညတ်ထားသည်ဟု ပြောဆိုကြကုန် သော ယဟူဒီများအား)အသင် (ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) သို့ (အသင်တို့ ပြောဆိုကြသည့် အတိုင်း)ဖြစ်ခဲ့ပါလျှင် အသင်တို့သည် တောင်ရာတ်ကျမ်းမြတ်ကိုဆောင်ယူခဲ့ကြလေကုန်၊ ပြီးနောက် တဖန် အကယ်၍ သင်တို့သည် (မိမိတို့ပြောဆိုရာ၌) အမှန်ကို ပြောဆိုကြ သူများဖြစ်ကြပါမူ ယင်း (တောင်ရာတ်ကျမ်းမြတ်)ကို ရွတ်ဖတ်ကြလေကုန်။
فَمَنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ مِنْ بَعْدِ ذَٰلِكَ فَأُولَٰئِكَ هُمُ الظَّالِمُونَ
သို့(ထိုသူတို့ မုသားပြောဆိုကြောင်းကို သာဓကနှင့်တကွ ထင်ရှားစေပြီး) ဖြစ်ပါလျက် အကြင်သူတို့သည် ထို(ကဲ့သို့ထင်ရှားစေပြီး) နောက် အလ္လာဟ်အရှင်မြတ်အပေါ်၌လုပ်ကြံ မုသားပြောဆိုပါမူ ဤကဲ့သို့သောသူများသည် ပြစ်မှုကျူးလွန်သော သူများပင်ဖြစ်သည်။
قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်ဖြောင့်မတ်တည်ကြည် သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)၏ (အစ္စလာမ်) သာသနာကိုပင်လိုက်နာကြလေကုန်။စင်စစ်သော် ကား ယင်းနဗီတမန်တော(အစ်ဗ်ရာဟီမ် အလိုင်ဟစ္စလာမ်)သည် အခြားတစုံတရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ များအနက်မှလည်း အပါအဝင်မဟုတ်ပေ။
إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِلْعَالَمِينَ
ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ် တော်ပင်တည်း။ ထိုအိမ်တော်သည်ကောင်းခြီးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံလျက်ရှိသည့်ပြင်စကြာဝဠာခပ်သိမ်းကို တရားလမ်းမှန် သို့လည်း ညွှန်ကြားလျက် ရှိ၏။

Choose other languages: