Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #128 Translated in Burmese

إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَنْ يَكْفِيَكُمْ أَنْ يُمِدَّكُمْ رَبُّكُمْ بِثَلَاثَةِ آلَافٍ مِنَ الْمَلَائِكَةِ مُنْزَلِينَ
(အို - နဗီတမန်တော်) ထိုအခါ သင်သည် (စစ်မြပြင်၌) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ အား (ဤသို့)ပြောကြားလျက် ရှိခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့ကိုမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အား (ထိုအရှင်မြတ် အထံတော်မှ) ဆင်းသက်စေတော်မူခြင်း ခံရလေ သော’မလာအိကဟ်’အပါးတော်စေတမန်သုံးထောင်ဖြင့် ကူညီစောင်မတော်မူခြင်းသည် အသင်တို့အဖို့ မလုံလောက်ပါသလော။
بَلَىٰ ۚ إِنْ تَصْبِرُوا وَتَتَّقُوا وَيَأْتُوكُمْ مِنْ فَوْرِهِمْ هَٰذَا يُمْدِدْكُمْ رَبُّكُمْ بِخَمْسَةِ آلَافٍ مِنَ الْمَلَائِكَةِ مُسَوِّمِينَ
အဘယ်ကြောင့် မလုံလောက်ပါမည်နည်း။ (မုချလုံလောက်ပေမည်)။ အကယ်၍ အသင်တို့သည် ခနီ္တတရားထားရှိကြပါလျှင်လည်းကောင်း၊ ထိုနည်း တူစွာ အသင်တို့သည်(မြစ်တားထားသောအချက်တို့မှ) ကြည်ရှောင်ကြ ပါလျှင် လည်းကောင်း၊ ထို့ပြင် ထို (ရန်)သူများသည် အသင်တို့ထံ ရုတ်တရက်တမဟုတ်ခြင်း လာရောက်(တိုက်ခိုက်)ကြပါလျှင် လည်းကောင်း၊ အသင်တို့ကို မွေးမြူတော်မူသော အရှင်မြတ်သည်အမှတ်သညာ ထားရှိကြကုန်သော မလာအိကဟ် အပါးတော်စေတမန် ငါးထောင်ဖြင့် အသင်တို့အား ကူညီစောင်မတော်မူလတ္တံ့။
وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ لَكُمْ وَلِتَطْمَئِنَّ قُلُوبُكُمْ بِهِ ۗ وَمَا النَّصْرُ إِلَّا مِنْ عِنْدِ اللَّهِ الْعَزِيزِ الْحَكِيمِ
အလ္လာဟ်အရှင်မြတ်သည် (တမန်တော်မြတ်၏)ထို (ပြောကြားချက်) ကို အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း (ဖြစ်စေရန်)နှင့် ထို (ပြောကြားချက်ကို ကြားသိရခြင်း)အားဖြင့် အသင်တို့၏ စိတ်နှလုံးများတည်ငြိမ်ရန်အတွက်သာလျှင် ပြုတော်မူခဲ့လေသည်။ အမှန်စင်စစ် ကူညီမှုဟူသည်ကား တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော။ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အလ’ာဟအရှင်မြတ်၏အထံတော်မှသာလျှင် ဖြစ်ချေသည်။
لِيَقْطَعَ طَرَفًا مِنَ الَّذِينَ كَفَرُوا أَوْ يَكْبِتَهُمْ فَيَنْقَلِبُوا خَائِبِينَ
(င်းပြင် ယင်းသို့ ကူညီစောင်မတော်မူခြင်းသည်) ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ် ကြကုန်သောသူတို့အနက်မှတစ်စုကို ဖျက်စီးရန်အတွက် ဖြစ်ချေသည်။သို့တည်းမဟုတ် ယင်းသူအား ဂုဏ်ရည်သေးသိမ်စေရန်အတွက်ဖြစ်သည်။ သို့ဖြစ်ပေရာ ယင်းသူတို့သည် အလိုဆန္ဒမပြည့်ဝကြ ဘဲလျက် ပြန်လှည့်(ဆုတ်ခွာထွက်ပြေး)ကြရပေမည်။
لَيْسَ لَكَ مِنَ الْأَمْرِ شَيْءٌ أَوْ يَتُوبَ عَلَيْهِمْ أَوْ يُعَذِّبَهُمْ فَإِنَّهُمْ ظَالِمُونَ
(အို- နဗီတမန်တော်) ဤကိစ္စနှင့်စပ်လျဉ်း၍အသင်တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိချေ။ ထိုအရှင်မြတ်သည် ထိုသူတို့ဖက်သို့ ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊ အဘယ်ကြောင့်ဟူမူ ထိုသူများသည်မုချဧကန် မတော်မတရားကျူးလွန်သောသူများဖြစ်ကြပေသည်။

Choose other languages: