Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #107 Translated in Burmese

وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنْتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُمْ بِنِعْمَتِهِ إِخْوَانًا وَكُنْتُمْ عَلَىٰ شَفَا حُفْرَةٍ مِنَ النَّارِ فَأَنْقَذَكُمْ مِنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ
ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြန်လည်၍သတိရကြကုန်လော့။ အခါတပါး၌ အသင်တို့သည် (မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး) ရန်သူများပင် ဖြစ်ခဲ့ကြပေရာထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ စိတ်နှလုံးများကိုချစ်ခင်ညီညွတ်စေတော်မူခဲ့၏။ သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင် အသင်တို့သည်ဂျဟန္နမ် ငရဲမီး၏ နှုတ်ခမ်းသို့ (လုံးဝ) ရောက်ရှိခဲ့ကြပေရာထို အရှင်မြတ်သည် အသင်တို့အား (အစ္စလာမ် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူခြင်း အားဖြင့်) ယင်းငရဲမီးမှကယ်ဆယ်တော်မူခဲ့လေပြီ။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။
وَلْتَكُنْ مِنْكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
၎င်းပြင် အသင်တို့တွင် (အကြင်သို့သော) အဖွဲ့အစည်းတစ်ခု ရှိရပေမည်။ ထိုအဖွဲ့အစည်းသည် (လူသားတို့အား) ကောင်းရာကောင်းကြောင်းဖက်သို့ ဖိတ်ခေါ်ကြရမည်။ထို့ပြင် ကောင်းမြတ်သောအရာ များကို ညွှန်ကြားကြရမည်။၎င်းပြင် ထိုအဖွဲ့ အစည်းသည် မကောင်းမှုများမှ မြစ်တားကြရမည်။ ဤသို့သောသူများသည်ပင်လျှင် (လုံးဝ) အောင်မြင်မည့်သူများ ဖြစ်ကြပေသတည်း။
وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِنْ بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ
၎င်းပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်၊ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏တစ်ခုတည်းသော သာသနာကိုတစည်းတလုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲကြသည့်အပြင် မိမိတို့ထံ (အလ္လာဟ်အရှင်မြတ်၏) ထင်ရှားလှစွာသော သက်သေသာဓကများရောက်ရှိလာပြီးသည့်နောက်တွင်လည်း (ဂုဏ်တု ဂုဏ်ပြိုင်ပြုလိုကြ၍) အချင်းချင်းကွဲလွဲခဲ့ကြကုန်၏။ အမှန်သော်ကားယင်း(ကဲ့သို့သော) သူတို့အဘို့သာ လျှင် ကြီးလေ�သောအပြစ်ဒဏ်သည် ရှိပေသည်။
يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا الَّذِينَ اسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُمْ بَعْدَ إِيمَانِكُمْ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ
ထို(လာလတ္တံ့သော ရှင်ပြန်ထမည့်) နေ့၌ များစွာသော(သူတို့၏) မျက်နှာများသည် (ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံ၍ သန့်ရှင်းကြည်လင်)ဖြူစင်စွာ ရှိကြကုန်အံ့။ သို့ရာတွင်များစွာသော (သူတို့၏) မျက်နှာများမှာမူကား (ဣန္ဒြေကင်းမဲ့)လျက် မည်းနက်စွာ ရှိကြကုန်အံ့။ ထိုအခါ မည်းနက်သောမျက်နှာရှင်တို့အား အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊။သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ ငြင်းပယ်သွေဖယ်ခဲ့ကြသည့်အတွက် အပြစ်ဒဏ်၏ အရသာကို မြည်းစမ်းကြကုန်လော့ (ဟု မိန့်ကြားတော်မူပေမည်)။
وَأَمَّا الَّذِينَ ابْيَضَّتْ وُجُوهُهُمْ فَفِي رَحْمَةِ اللَّهِ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် (ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၍)မျက်နှာသန့်ရှင်းကြည်လင် ဖြူစင်သောသူတို့မူကား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၌ ရှိကြ၍ ထိုကရုဏာတော်၌ပင်ထာဝစဉ် တည်နေကြမည့်သူများ ဖြစ်ကြပေသတည်း။

Choose other languages: