Quran Apps in many lanuages:

Surah Yusuf Ayahs #95 Translated in Burmese

قَالُوا تَاللَّهِ لَقَدْ آثَرَكَ اللَّهُ عَلَيْنَا وَإِنْ كُنَّا لَخَاطِئِينَ
၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကျွန်ုပ်တို့ထက်မြင့်မြတ်စေတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည်သာလျှင် မှားယွင်းသူများ ဖြစ်ကြပေသည်ဟု (ဝန်ခံ)ပြောဆိုကြလေသတည်း။
قَالَ لَا تَثْرِيبَ عَلَيْكُمُ الْيَوْمَ ۖ يَغْفِرُ اللَّهُ لَكُمْ ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ
ထို(အခါ) ယူဆွဖ်က ယနေ့ အသင်တို့အပေါ်၌ လုံးဝပြစ်တင်ခြင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှချမ်းသာပေးသနားတော်မူပါစေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သနားကြင်နာသူ အပေါင်းတို့ထက်သာလွန်၍ သနားကြင်နာတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့လေသတည်း။
اذْهَبُوا بِقَمِيصِي هَٰذَا فَأَلْقُوهُ عَلَىٰ وَجْهِ أَبِي يَأْتِ بَصِيرًا وَأْتُونِي بِأَهْلِكُمْ أَجْمَعِينَ
အသင်တို့သည် အကျွန်ုပ်၏ ဤအင်္ကျီကို ယူသွားကြလေကုန်။ ထို့နောက် အသင်တို့သည် ယင်းအင်္ကျီကိုအကျွန်ုပ်၏ဖခမည်းတော်၏မျက်နှာပေါ်သို့ တင်ကြလေကုန်။ထိုဖခမည်းတော်သည် စက္ခုအလင်းရရှိလာအံ့။ ၎င်းပြင်အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအားလုံးကို(လည်း) အကျွန်ုပ် ၏ထံသို့ (ခေါ်)ဆောင်၍ လာခဲ့ကြလေကုန်။
وَلَمَّا فَصَلَتِ الْعِيرُ قَالَ أَبُوهُمْ إِنِّي لَأَجِدُ رِيحَ يُوسُفَ ۖ لَوْلَا أَنْ تُفَنِّدُونِ
တစ်ဖန် ခရီးသည်တစ်စုသည် (အီဂျစ်ပြည်မှ)ထွက်ခွာခဲ့လေသောအခါ ၎င်းတို့၏ ခမည်းတော်က အကယ်၍အသင်တို့သည် ငါ့အား သူငယ်ပြန်သည် မယူဆကြပါလျှင်ဧကန်စင်စစ် ငါသည် ယူဆွဖ်၏အနံ့ကို ရနေပေသည်ဟုပြောဆိုခဲ့လေ၏။
قَالُوا تَاللَّهِ إِنَّكَ لَفِي ضَلَالِكَ الْقَدِيمِ
၎င်းတို့က အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ အသင်သည် မိမိ ရှေးဟောင်းလွဲမှားမှု၌ပင် ရှိနေပေသေးသည်ဟု ပြောဆိုကြကုန်၏။

Choose other languages: