Quran Apps in many lanuages:

Surah Yusuf Ayahs #51 Translated in Burmese

قَالَ تَزْرَعُونَ سَبْعَ سِنِينَ دَأَبًا فَمَا حَصَدْتُمْ فَذَرُوهُ فِي سُنْبُلِهِ إِلَّا قَلِيلًا مِمَّا تَأْكُلُونَ
ထိုယူစုဖ်သည် (အိပ်မက်ဒိဗ်ဓုမ်ကို ဤသို့ ရှင်းလင်း၍) ပြောပြလေသည်။ အသင်တို့သည် (မိမိတို့စိုက်ပျိုးနေကျအတိုင်း) ခုနစ်နှစ်တိုင်တိုင်(မိမိတို့လယ်ယာများကို) အဆက်မပြတ် စိုက်ပျိုးကြလေကုန်။ သို့ရှိရာ အသင်တို့သည် မိမိတို့ရိတ်သိမ်း သော ကောက်လှိုင်းများအနက် မိမိတို့စားသုံးရန်ဖြစ်သော အနည်းငယ်မျှမှအပ ကျန်ရှိသော ကောက်လှိုင်း များကိုကောက်လှိုင်းအတိုင်းပင် ထားရှိကြလေကုန်။
ثُمَّ يَأْتِي مِنْ بَعْدِ ذَٰلِكَ سَبْعٌ شِدَادٌ يَأْكُلْنَ مَا قَدَّمْتُمْ لَهُنَّ إِلَّا قَلِيلًا مِمَّا تُحْصِنُونَ
ထို့နောက် တစ်ဖန် (ဒုဗ္ဘိက္ခန္တရကပ်ဆိုက်၍) ပြင်းထန်လှသော ခုနစ်နှစ်သည် ဆိုက်ရောက်လာပေမည်။ ထိုနှစ်ကာလခုနစ်နှစ်သည် အသင်တို့(မျိုးစေ့အလို့ငှာ) သိမ်းထားကြသည့် အနည်းငယ်မျှ(သောရိက္ခာ)မှအပ အသင်တို့ကြိုတင် စုဆောင်းထား သည့်(ရိက္ခာ)များကို စားသုံးပစ်ကြပေမည်။
ثُمَّ يَأْتِي مِنْ بَعْدِ ذَٰلِكَ عَامٌ فِيهِ يُغَاثُ النَّاسُ وَفِيهِ يَعْصِرُونَ
ထို့နောက်တစ်ဖန် နောက်တစ်နှစ်ရောက် လတ်သော် ထိုနှစ်တွင်မူ လူတို့သည်(ကောင်းမွန်စွာ) မိုးရွာသွန်းစေခြင်းကို ခံကြရသည့်ပြင် ထိုနှစ်တွင် ၎င်းတို့သည် စပျစ်ရည်များလည်း ညှစ်ကြပေမည် ဖြစ်သတည်း။
وَقَالَ الْمَلِكُ ائْتُونِي بِهِ ۖ فَلَمَّا جَاءَهُ الرَّسُولُ قَالَ ارْجِعْ إِلَىٰ رَبِّكَ فَاسْأَلْهُ مَا بَالُ النِّسْوَةِ اللَّاتِي قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّي بِكَيْدِهِنَّ عَلِيمٌ
ထို့နောက် ဘုရင်မင်းက အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်ဟု မိန့်ကြားခဲ့လေသည်။ တစ်ဖန် စေတမန်သည် ထိုယူဆွဖ် ထံသို့ရောက်ရှိလေသော် ထိုယူဆွဖ်က(စေတမန်အား) အသင်သည် မိမိသခင်ထံသို့ ပြန်၍သွားပါလေ။ ထို့နောက် အသင်သည်ထိုဘုရင်အား မိမိလက်များကိုလှီးခဲ့ကြသော အမျိုးသမီးတို့၏(လက်ရှိ) အခြေအနေသည် မည်သို့ရှိပါသနည်းဟု လျှောက်ထားမေးမြန်းပါလေ။ ဧကန်အမှန် ငါ့အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအမျိုးသမီးတို့၏ ပရိယာယ်မာယာကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
قَالَ مَا خَطْبُكُنَّ إِذْ رَاوَدْتُنَّ يُوسُفَ عَنْ نَفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِنْ سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدْتُهُ عَنْ نَفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ
(ထိုအခါ) ဘုရင်မင်းမြတ်က(ထိုမိန်းမတို့အား)အသင်တို့သည် ယူစုဖ်အား ၎င်းကိုယ်တိုင် နှင့်ဆန့်ကျင်ကာချော့မော့၍ မြှူဆွယ်ခဲ့ကြစဉ်အခါ၌ အသင်တို့၏ အဖြစ်မှန်သည် မည်သို့ရှိခဲ့သနည်းဟု မေးမြန်းလေ၏။ (ထိုအခါ)ယင်းမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစေတော်မူ၍အံ့ချီးမဆုံး ပြုနိုင်စွမ်းတော်မူပါဘိတကား။ ကျွန်ုပ် တို့သည်ထိုယူဆွဖ်၏အပေါ်၌ မည်သည့်တစ်စုံတစ်ရာ မကောင်းမှု(ရှိသည်ကို) မသိရှိခဲ့ကြပါဟု လျှောက်ထားခဲ့ကြကုန်၏။ (ထိုရောကာလ) အဇီဇ်၏ကြင်ရာ သည် (ဤသို့) လျှောက်ထားခဲ့လေ၏။ ယခုသော်ကား (အဖြစ်အပျက်)အမှန်သည် ထင်ရှားသွားလေပြီ။ ကျွန်ုပ်သည်သာလျှင် ယင်းယူဆွဖ်အား ၎င်းကိုယ်တိုင် နှင့် ဆန့်ကျင်၍ဖြစ်သည်။ ချော့မော့ မြှူဆွယ်ခဲ့ပါသည်။၎င်းပြင် ဧကန်မလွဲ ထိုယူဆွဖ်မှာမူကား သစ္စာဝါဒီတစ်ဦးမုချဖြစ်ပါသတည်း။

Choose other languages: