Quran Apps in many lanuages:

Surah Yusuf Ayahs #28 Translated in Burmese

وَلَقَدْ هَمَّتْ بِهِ ۖ وَهَمَّ بِهَا لَوْلَا أَنْ رَأَىٰ بُرْهَانَ رَبِّهِ ۚ كَذَٰلِكَ لِنَصْرِفَ عَنْهُ السُّوءَ وَالْفَحْشَاءَ ۚ إِنَّهُ مِنْ عِبَادِنَا الْمُخْلَصِينَ
ထို့ပြင် မလွဲဧကန် ထိုမိန်းမသည် ယင်းယူဆွဖ်နှင့်ဆက်ဆံရန် ယတိပြတ်စိတ်ပြဋ္ဌာန်းခဲလေသည်။ အမှန်သော်ကား အကယ်၍သာ ထိုယူဆွဖ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်ကို မတွေ့မမြင်ခဲ့ရပါလျှင် ၎င်းသည် လည်း ထိုမိန်းမနှင့် ဆက်ဆံရန်ကြံရွယ်ခဲ့ပေအံ့။ ငါအရှင်မြတ်သည် (သာမည)မကောင်းမှုများကိုလည်းကောင်း၊ အလွန်စက်ဆုပ်ဖွယ်ရာဖြစ်သော အမှုကိစ္စများကိုလည်းကောင်း၊ ထိုယူစုဖ်နှင့် ကင်းဝေးစေတော်မူခြင်းငှာ၊ဤအတိုင်းပင် ပြုလုပ် တော်မူခဲ့လေသည်။ ဧကန်စင်စစ်ထိုယူဆွဖ်သည် ငါအရှင်မြတ် ရွေးချယ်ထားတော်မူသော အစေတော်များတွင် အပါအဝင် ဖြစ်ချေသတည်း။
وَاسْتَبَقَا الْبَابَ وَقَدَّتْ قَمِيصَهُ مِنْ دُبُرٍ وَأَلْفَيَا سَيِّدَهَا لَدَى الْبَابِ ۚ قَالَتْ مَا جَزَاءُ مَنْ أَرَادَ بِأَهْلِكَ سُوءًا إِلَّا أَنْ يُسْجَنَ أَوْ عَذَابٌ أَلِيمٌ
ထိုနောက် ၎င်းတို့နှစ်ဦးသည် တံခါးရှိရာသို့(ရှေ့နောက်)ပြေးခဲ့ကြလေသည်။ ၎င်းပြင် ထိုမိန်းမသည် ယင်းယူဆွဖ်၏အင်္ကျီကို နောက်မှ ဆုတ်ပစ်ခဲ့လေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် တံခါးဝ၌ ထိုမိန်းမ၏ခင်ပွန်းနှင့်တွေ့ရှိခဲ့လေသည်။ (ထိုအခါ) ယင်းမိန်းမက (ဤသို့)ပြောဆိုခဲ့လေသည်။အသင်၏ အိမ်သူအိမ်သားအား မကောင်းကြံသူ၌ အကျဉ်းချထားခြင်းခံရသည်မှတစ်ပါး၊ သို့မဟုတ် ပြင်းပြ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ပေးခြင်း(ကိုခံရသည်) မှတစ်ပါး၊ မည်သည့်ပြစ်ဒဏ်ရှိပါဦးမည်နည်း။
قَالَ هِيَ رَاوَدَتْنِي عَنْ نَفْسِي ۚ وَشَهِدَ شَاهِدٌ مِنْ أَهْلِهَا إِنْ كَانَ قَمِيصُهُ قُدَّ مِنْ قُبُلٍ فَصَدَقَتْ وَهُوَ مِنَ الْكَاذِبِينَ
(ထိုအခါ) ယင်းယူဆွဖ်က ဤမိန်းမသည်သာလျှင် ကျွန်ုပ်အား ကျွန်ုပ်၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့မြှူဆွယ်ခဲ့လေသည်ဟုပြောဆိုခဲ့လေသည်။ ၎င်းပြင် ယင်းမိန်းမ၏ ဆွေမျိုးများအနက်မှ သက်သေတစ်ဦးသည် (ဤသို့)သက်သေခံခဲ့လေသည်။ အကယ်၍ ထိုယူဆွဖ်၏အင်္ကျီမှာ ရှေ့မှစုတ်ပြဲ၍နေသည်ဖြစ်မူ ထိုမိန်းမသည် မှန်ကန်စွာပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ယင်းယူဆွဖ်သည် မုသား ပြောဆိုသူတစ်ဦး ဖြစ်ပေသတည်း။
وَإِنْ كَانَ قَمِيصُهُ قُدَّ مِنْ دُبُرٍ فَكَذَبَتْ وَهُوَ مِنَ الصَّادِقِينَ
သို့ရာတွင် အကယ်၍သာ ထိုယူဆွဖ်၏အင်္ကျီသည် နောက်မှစုတ်ပြဲ၍နေသည်ဖြစ်ပါမူ၊ ယင်းမိန်းမသည် မုသားပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ထိုယူဆွဖ်မှာမူကားမှန်ကန်စွာ ပြောဆိုသူတစ်ဦးပင် ဖြစ်ချေသတည်း။
فَلَمَّا رَأَىٰ قَمِيصَهُ قُدَّ مِنْ دُبُرٍ قَالَ إِنَّهُ مِنْ كَيْدِكُنَّ ۖ إِنَّ كَيْدَكُنَّ عَظِيمٌ
ထို့နောက် (ယင်းမိန်းမ၏ခင်ပွန်းသည်) ထို ယူဆွဖ်၏အင်္ကျီမှာ နောက်မှစုတ်ပြဲ၍နေသည်ကို တွေ့မြင်လတ်သော် ဤသည် အသင်မိန်းမတို့၏ စဉ်းလဲဉာဏ်သာဖြစ်သည်။အသင်တို့၏ စဉ်းလဲဉာဏ်သည် ကြီးမားလှဘိ၏တကားဟုပြောဆိုခဲ့လေသတည်း။

Choose other languages: