Quran Apps in many lanuages:

Surah Yusuf Ayahs #29 Translated in Burmese

وَاسْتَبَقَا الْبَابَ وَقَدَّتْ قَمِيصَهُ مِنْ دُبُرٍ وَأَلْفَيَا سَيِّدَهَا لَدَى الْبَابِ ۚ قَالَتْ مَا جَزَاءُ مَنْ أَرَادَ بِأَهْلِكَ سُوءًا إِلَّا أَنْ يُسْجَنَ أَوْ عَذَابٌ أَلِيمٌ
ထိုနောက် ၎င်းတို့နှစ်ဦးသည် တံခါးရှိရာသို့(ရှေ့နောက်)ပြေးခဲ့ကြလေသည်။ ၎င်းပြင် ထိုမိန်းမသည် ယင်းယူဆွဖ်၏အင်္ကျီကို နောက်မှ ဆုတ်ပစ်ခဲ့လေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် တံခါးဝ၌ ထိုမိန်းမ၏ခင်ပွန်းနှင့်တွေ့ရှိခဲ့လေသည်။ (ထိုအခါ) ယင်းမိန်းမက (ဤသို့)ပြောဆိုခဲ့လေသည်။အသင်၏ အိမ်သူအိမ်သားအား မကောင်းကြံသူ၌ အကျဉ်းချထားခြင်းခံရသည်မှတစ်ပါး၊ သို့မဟုတ် ပြင်းပြ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ပေးခြင်း(ကိုခံရသည်) မှတစ်ပါး၊ မည်သည့်ပြစ်ဒဏ်ရှိပါဦးမည်နည်း။
قَالَ هِيَ رَاوَدَتْنِي عَنْ نَفْسِي ۚ وَشَهِدَ شَاهِدٌ مِنْ أَهْلِهَا إِنْ كَانَ قَمِيصُهُ قُدَّ مِنْ قُبُلٍ فَصَدَقَتْ وَهُوَ مِنَ الْكَاذِبِينَ
(ထိုအခါ) ယင်းယူဆွဖ်က ဤမိန်းမသည်သာလျှင် ကျွန်ုပ်အား ကျွန်ုပ်၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့မြှူဆွယ်ခဲ့လေသည်ဟုပြောဆိုခဲ့လေသည်။ ၎င်းပြင် ယင်းမိန်းမ၏ ဆွေမျိုးများအနက်မှ သက်သေတစ်ဦးသည် (ဤသို့)သက်သေခံခဲ့လေသည်။ အကယ်၍ ထိုယူဆွဖ်၏အင်္ကျီမှာ ရှေ့မှစုတ်ပြဲ၍နေသည်ဖြစ်မူ ထိုမိန်းမသည် မှန်ကန်စွာပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ယင်းယူဆွဖ်သည် မုသား ပြောဆိုသူတစ်ဦး ဖြစ်ပေသတည်း။
وَإِنْ كَانَ قَمِيصُهُ قُدَّ مِنْ دُبُرٍ فَكَذَبَتْ وَهُوَ مِنَ الصَّادِقِينَ
သို့ရာတွင် အကယ်၍သာ ထိုယူဆွဖ်၏အင်္ကျီသည် နောက်မှစုတ်ပြဲ၍နေသည်ဖြစ်ပါမူ၊ ယင်းမိန်းမသည် မုသားပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ထိုယူဆွဖ်မှာမူကားမှန်ကန်စွာ ပြောဆိုသူတစ်ဦးပင် ဖြစ်ချေသတည်း။
فَلَمَّا رَأَىٰ قَمِيصَهُ قُدَّ مِنْ دُبُرٍ قَالَ إِنَّهُ مِنْ كَيْدِكُنَّ ۖ إِنَّ كَيْدَكُنَّ عَظِيمٌ
ထို့နောက် (ယင်းမိန်းမ၏ခင်ပွန်းသည်) ထို ယူဆွဖ်၏အင်္ကျီမှာ နောက်မှစုတ်ပြဲ၍နေသည်ကို တွေ့မြင်လတ်သော် ဤသည် အသင်မိန်းမတို့၏ စဉ်းလဲဉာဏ်သာဖြစ်သည်။အသင်တို့၏ စဉ်းလဲဉာဏ်သည် ကြီးမားလှဘိ၏တကားဟုပြောဆိုခဲ့လေသတည်း။
يُوسُفُ أَعْرِضْ عَنْ هَٰذَا ۚ وَاسْتَغْفِرِي لِذَنْبِكِ ۖ إِنَّكِ كُنْتِ مِنَ الْخَاطِئِينَ
(ထို့နောက် ဆက်လက် ပြောဆိုခဲ့ပြန်သည်မှာ)အို-ယူဆွဖ်၊ အသင်သည် ဤသည်ကိုလျစ်လျူရှုကာ လွှဲရှောင်၍သွားလော့။ ထို့ပြင် (အို-မိန်းမ)သင်သည် မိမိပြစ်မှုကို (ဝန်ချတောင်းပန်၍)လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ ဧကန်မလွဲ အသင်မသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်ချေသတည်း။(ဟုပြောဆိုခဲ့လေ၏။)

Choose other languages: