Quran Apps in many lanuages:

Surah Yusuf Ayahs #5 Translated in Burmese

الر ۚ تِلْكَ آيَاتُ الْكِتَابِ الْمُبِينِ
အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်တို့ကားအလွန်ထင်ရှားသော ကျမ်းဂန်၏ စာပိုဒ်များပင် ဖြစ်ကြပေသတည်း။
إِنَّا أَنْزَلْنَاهُ قُرْآنًا عَرَبِيًّا لَعَلَّكُمْ تَعْقِلُونَ
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကိုအသင်တို့နားလည်အံ့သောငှာ (စကားအဖွဲ့အနွဲ့ အသုံးအနှုန်းအလွန်ကောင်းသော) ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် အရဗီဘာသာစာပေဖြင့် ချပေးသနားတော်မူခဲ့၏။
نَحْنُ نَقُصُّ عَلَيْكَ أَحْسَنَ الْقَصَصِ بِمَا أَوْحَيْنَا إِلَيْكَ هَٰذَا الْقُرْآنَ وَإِنْ كُنْتَ مِنْ قَبْلِهِ لَمِنَ الْغَافِلِينَ
ငါအရှင်မြတ်သည် အသင့်ထံ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းအားဖြင့် ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် အကောင်းဆုံးသော အကြောင်းအတ္ထုပ္ပတ္တိတစ်ခုကို ပြန်၍ပြောကြားတော်မူလေသည်။ စင်စစ်သော်ကား အသင်သည် ထိုကုရ်အာန်မကျရောက်မီ အလျင်က(ဤအကြောင်းအတ္ထုပ္ပတ္တိကို)အလျင်း မသိသူတစ်ဦးပင် ဖြစ်ခဲ့ပေသတည်း။
إِذْ قَالَ يُوسُفُ لِأَبِيهِ يَا أَبَتِ إِنِّي رَأَيْتُ أَحَدَ عَشَرَ كَوْكَبًا وَالشَّمْسَ وَالْقَمَرَ رَأَيْتُهُمْ لِي سَاجِدِينَ
(ပြန်လည်သတိရပါလေ) တစ်ရံရောအခါဝယ်(နဗီတမန်တော်)ယူဆွဖ်သည် မိမိဖခမည်းတော်(နဗီတမန်တော်ယအ်ကူဗ်)အား (ဤသို့)ပြောဆိုလျှောက်ထားခဲ့လေသည်။အို-ခမည်းတော်၊ ဧကန်စင်စစ် အကျွန်ုပ်သည်(အိမ်မက်တွင်)ကြယ် တာရာ(ဂြိုလ်နက္ခတ်)ဆယ့်တစ်လုံးကိုလည်းကောင်း၊ သူရိယနေကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း၊ မိမိအားစစ်(ဂျ်)ဒဟ်ပျဝပ်ဦးချလျက် ရှိကြသည်ကို တွေ့မြင်ခဲ့ရပါသတည်း။
قَالَ يَا بُنَيَّ لَا تَقْصُصْ رُؤْيَاكَ عَلَىٰ إِخْوَتِكَ فَيَكِيدُوا لَكَ كَيْدًا ۖ إِنَّ الشَّيْطَانَ لِلْإِنْسَانِ عَدُوٌّ مُبِينٌ
(ထိုအခါ ခမည်းတော် နဗီတမန်တော်ယအ်ကူဗ်က ဤသို့)ပြန်ကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည်မိမိအိပ်မက်ကို မိမိညီနောင်များရှေ့တွင် ပြော၍မပြလေနှင့်။သို့ပြောပြခဲ့ပါလျှင် ၎င်းတို့သည် အသင်နှင့်ဆန့်ကျင်၍ အကြံအစည်တစ်ခုခုကို လျှို့ဝှက်ကြံစည်ကြပေလိမ့်မည်။ ဧကန်မလွဲရှိုင်တွာန်မိစ္ဆာ ကောင်သည်ကား လူတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။

Choose other languages: