Quran Apps in many lanuages:

Surah Yusuf Ayahs #8 Translated in Burmese

إِذْ قَالَ يُوسُفُ لِأَبِيهِ يَا أَبَتِ إِنِّي رَأَيْتُ أَحَدَ عَشَرَ كَوْكَبًا وَالشَّمْسَ وَالْقَمَرَ رَأَيْتُهُمْ لِي سَاجِدِينَ
(ပြန်လည်သတိရပါလေ) တစ်ရံရောအခါဝယ်(နဗီတမန်တော်)ယူဆွဖ်သည် မိမိဖခမည်းတော်(နဗီတမန်တော်ယအ်ကူဗ်)အား (ဤသို့)ပြောဆိုလျှောက်ထားခဲ့လေသည်။အို-ခမည်းတော်၊ ဧကန်စင်စစ် အကျွန်ုပ်သည်(အိမ်မက်တွင်)ကြယ် တာရာ(ဂြိုလ်နက္ခတ်)ဆယ့်တစ်လုံးကိုလည်းကောင်း၊ သူရိယနေကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း၊ မိမိအားစစ်(ဂျ်)ဒဟ်ပျဝပ်ဦးချလျက် ရှိကြသည်ကို တွေ့မြင်ခဲ့ရပါသတည်း။
قَالَ يَا بُنَيَّ لَا تَقْصُصْ رُؤْيَاكَ عَلَىٰ إِخْوَتِكَ فَيَكِيدُوا لَكَ كَيْدًا ۖ إِنَّ الشَّيْطَانَ لِلْإِنْسَانِ عَدُوٌّ مُبِينٌ
(ထိုအခါ ခမည်းတော် နဗီတမန်တော်ယအ်ကူဗ်က ဤသို့)ပြန်ကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည်မိမိအိပ်မက်ကို မိမိညီနောင်များရှေ့တွင် ပြော၍မပြလေနှင့်။သို့ပြောပြခဲ့ပါလျှင် ၎င်းတို့သည် အသင်နှင့်ဆန့်ကျင်၍ အကြံအစည်တစ်ခုခုကို လျှို့ဝှက်ကြံစည်ကြပေလိမ့်မည်။ ဧကန်မလွဲရှိုင်တွာန်မိစ္ဆာ ကောင်သည်ကား လူတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။
وَكَذَٰلِكَ يَجْتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِنْ تَأْوِيلِ الْأَحَادِيثِ وَيُتِمُّ نِعْمَتَهُ عَلَيْكَ وَعَلَىٰ آلِ يَعْقُوبَ كَمَا أَتَمَّهَا عَلَىٰ أَبَوَيْكَ مِنْ قَبْلُ إِبْرَاهِيمَ وَإِسْحَاقَ ۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌ
၎င်းပြင် ဤသို့အားဖြင့် (ထိုကဲ့သို့ပင်) အသင့်အား အသင်၏အရှင်မြတ်သည် (နဗီတမန်တော်အဖြစ်ချီးမြှောက်ရန်)ရွေးချယ်တော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည်အသင့်အား အိပ်မက်ဒိဗ်ဓုမ်ကို သင်ကြားပို့ချတော်မူအံ့။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိကျေးဇူးတော်ကို ယခင် အသင်၏ဘိုးတော်၊ ဘေးတော်များဖြစ်သော (နဗီတမန်တော်)အစ်ဗ်ရာဟီမ်အားလည်းကောင်း၊ (နဗီတမန်တော်)အစ္စဟာက်အားလည်းကောင်း၊ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူဘိ သကဲ့သို့ပင်အသင့်အားလည်းကောင်း၊ ယအ်ကူဗ်၏ သားသမီးများအားလည်းကောင်း၊ ထိုကျေးဇူးတော်ကို အပြည့်အစုံချီးမြှင့်ပေး သနားတော်မူအံ့။ ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
لَقَدْ كَانَ فِي يُوسُفَ وَإِخْوَتِهِ آيَاتٌ لِلسَّائِلِينَ
ဧကန်မလွဲ (နဗီတမန်တော်)ယူဆွဖ်နှင့် ထို (နဗီတမန်တော်)ယူဆွဖ်၏နောင်တော်တို့(၏အကြောင်း အတ္ထုပ္ပတ္တိ)တွင်(အမှန်တရားနှင့် ဉာဏ်ပညာကိုလိုလား၍ ရှာဖွေစူးစမ်း)မေးမြန်းသူတို့အဖို့(များစွာသော) သက်သေလက္ခဏာရပ်များရှိချေသတည်း။
إِذْ قَالُوا لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰ أَبِينَا مِنَّا وَنَحْنُ عُصْبَةٌ إِنَّ أَبَانَا لَفِي ضَلَالٍ مُبِينٍ
တစ်ရံရောအခါ ထိုနောင်တော်များက ငါတို့သည် (အားအင်တောင့်တင်းသော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်ယူဆွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင်ပိုမို၍ ချစ်ခင်ယုယခြင်း ခံနေကြရသည်။ ဧကန်မုချ ငါတို့၏ခမည်းတော်သည် ထင်ရှားစွာသော အထင်အရှား လွဲမှားနေချေပြီဟု အချင်းချင်း ပြောဆိုကြလေသည်။

Choose other languages: