Quran Apps in many lanuages:

Surah Yunus Ayahs #84 Translated in Burmese

فَلَمَّا جَاءَ السَّحَرَةُ قَالَ لَهُمْ مُوسَىٰ أَلْقُوا مَا أَنْتُمْ مُلْقُونَ
တစ်ဖန် စုန်းကဝေတို့ လာရောက်ကြသောအခါ(နဗီတမန်တော်)မူစာက ၎င်း တို့အား အသင်တို့သည် မိမိတို့ပစ်ချကြမည့်အရာများကို ပစ်ချကြလေကုန်ဟုပြောဆိုခဲ့လေသည်။
فَلَمَّا أَلْقَوْا قَالَ مُوسَىٰ مَا جِئْتُمْ بِهِ السِّحْرُ ۖ إِنَّ اللَّهَ سَيُبْطِلُهُ ۖ إِنَّ اللَّهَ لَا يُصْلِحُ عَمَلَ الْمُفْسِدِينَ
ထို့နောက် ၎င်း တို့သည် (မိမိတို့ပစ်ချလိုသောကြိုးများကို မြေဝယ်)ပစ်ချခဲ့ကြသောအခါ (နဗီတမန်တော်)မူစာက(၎င်း တို့အားဤသို့)ပြောဆိုခဲ့ကြလေသည်။ အသင်တို့ ယူဆောင်ခဲ့ကြသောအရာများကား စုန်းပယောဂအတတ်ပင် ဖြစ်ပေသည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ယခုမကြာမီပင် ဤစုန်းပယောဂများကို အချည်းနှီး ဖြစ်စေတော်မူမည်။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (တန်ခိုးပြာဋိဟာနှင့်ပြိုင်ဆိုင်၍)ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ လုပ်ငန်းကို အဆင်ပြေအောင် ပြုလုပ်ပေးသနားတော်မူသည် မဟုတ်ပေ။
وَيُحِقُّ اللَّهُ الْحَقَّ بِكَلِمَاتِهِ وَلَوْ كَرِهَ الْمُجْرِمُونَ
စင်စစ်သော်ကား ပြစ်မှု ကျူးလွန်သူများသည်(မည်မျှပင်)မကျေနပ်မနှစ်သက်ကြလင့်ကစား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိပြဋ္ဌာန်းချက်များနှင့်အညီ အမှန်ပင်ဖြစ်စေတော်မူပေသည်တကား။
فَمَا آمَنَ لِمُوسَىٰ إِلَّا ذُرِّيَّةٌ مِنْ قَوْمِهِ عَلَىٰ خَوْفٍ مِنْ فِرْعَوْنَ وَمَلَئِهِمْ أَنْ يَفْتِنَهُمْ ۚ وَإِنَّ فِرْعَوْنَ لَعَالٍ فِي الْأَرْضِ وَإِنَّهُ لَمِنَ الْمُسْرِفِينَ
ထို့နောက် နဗီတမန်တော်မူစာအား ထို(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့အနက်မှ ဖစ်ရ်အောင်န်နှင့်မိမိတို့၏အနက်မှ အကြီးအကဲတို့သည် မိမိတို့အား အန္တရာယ်ပြုကြမည်ဟု စိုးရိမ်ကြီးစွာရှိနေကြသဖြင့် လူတစ်စုသာလျှင်ယုံစား (ယုံကြည်ထောက်ခံ) ခဲ့ကြလေသည်။ စင်စစ်မှာမူကားဖစ်ရ်အောင်န်သည်(ထိုစဉ်အခါက)တိုင်းပြည်တွင် လွှမ်းမိုးကြီးစိုးနေသူဖြစ်ခဲ့သည့်ပြင်၊ ဧကန်စင်စစ် ၎င်း သည် ကျူးကျော်လွန်ကဲသူတစ်ဦးလည်း ဖြစ်ခဲ့ပေသတည်း။
وَقَالَ مُوسَىٰ يَا قَوْمِ إِنْ كُنْتُمْ آمَنْتُمْ بِاللَّهِ فَعَلَيْهِ تَوَكَّلُوا إِنْ كُنْتُمْ مُسْلِمِينَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပြီး အမှန်ပင် မုစ်လင်မ် အမိန့်တော်ကို နာခံသူများ ဖြစ်ကြပါလျှင် အသင်တို့သည် (မိမိတို့၏အရေးကိစ္စအဝဝတွင်) ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည် အားထားကြလေကုန်။

Choose other languages: