Quran Apps in many lanuages:

Surah Yunus Ayahs #82 Translated in Burmese

قَالُوا أَجِئْتَنَا لِتَلْفِتَنَا عَمَّا وَجَدْنَا عَلَيْهِ آبَاءَنَا وَتَكُونَ لَكُمَا الْكِبْرِيَاءُ فِي الْأَرْضِ وَمَا نَحْنُ لَكُمَا بِمُؤْمِنِينَ
၎င်း တို့က (နဗီတမန်တော်မူစာအား ဤသို့)ပြောဆိုကြပြန်လေသည်။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား လွှဲဖယ်ရန်လည်းကောင်း၊ တိုင်းပြည်တွင် ခေါင်းဆောင်မှုသည် အသင်တို့နှစ်ဦး၌သာ ရှိအံ့သော ငှာလည်းကောင်း၊ အသင် ကျွန်ုပ်တို့ထံရောက်ရှိခဲ့လေသလော။ စင်စစ်သော်ကား ကျွန်ုပ်တို့သည်အသင်တို့နှစ်ဦးအား(မည်သည့်အခါ၌မျှ) ယုံစား ကြမည့်သူများမဟုတ်ချေ။
وَقَالَ فِرْعَوْنُ ائْتُونِي بِكُلِّ سَاحِرٍ عَلِيمٍ
ထို့နောက် ဖစ်ရ်အောင်န်က (မိမိမှူးကြီး မတ်ရာတို့အား)အသင်တို့သည် တတ်မြောက်ကျွမ်းကျင်သောစုန်းကဝေခပ်သိမ်းတို့ကို ငါတို့ထံ ခေါ်သွင်းခဲ့ကြလေကုန်ဟု အမိန့်ထုတ်ပြန်ခဲ့လေသတည်း။
فَلَمَّا جَاءَ السَّحَرَةُ قَالَ لَهُمْ مُوسَىٰ أَلْقُوا مَا أَنْتُمْ مُلْقُونَ
တစ်ဖန် စုန်းကဝေတို့ လာရောက်ကြသောအခါ(နဗီတမန်တော်)မူစာက ၎င်း တို့အား အသင်တို့သည် မိမိတို့ပစ်ချကြမည့်အရာများကို ပစ်ချကြလေကုန်ဟုပြောဆိုခဲ့လေသည်။
فَلَمَّا أَلْقَوْا قَالَ مُوسَىٰ مَا جِئْتُمْ بِهِ السِّحْرُ ۖ إِنَّ اللَّهَ سَيُبْطِلُهُ ۖ إِنَّ اللَّهَ لَا يُصْلِحُ عَمَلَ الْمُفْسِدِينَ
ထို့နောက် ၎င်း တို့သည် (မိမိတို့ပစ်ချလိုသောကြိုးများကို မြေဝယ်)ပစ်ချခဲ့ကြသောအခါ (နဗီတမန်တော်)မူစာက(၎င်း တို့အားဤသို့)ပြောဆိုခဲ့ကြလေသည်။ အသင်တို့ ယူဆောင်ခဲ့ကြသောအရာများကား စုန်းပယောဂအတတ်ပင် ဖြစ်ပေသည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ယခုမကြာမီပင် ဤစုန်းပယောဂများကို အချည်းနှီး ဖြစ်စေတော်မူမည်။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (တန်ခိုးပြာဋိဟာနှင့်ပြိုင်ဆိုင်၍)ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ လုပ်ငန်းကို အဆင်ပြေအောင် ပြုလုပ်ပေးသနားတော်မူသည် မဟုတ်ပေ။
وَيُحِقُّ اللَّهُ الْحَقَّ بِكَلِمَاتِهِ وَلَوْ كَرِهَ الْمُجْرِمُونَ
စင်စစ်သော်ကား ပြစ်မှု ကျူးလွန်သူများသည်(မည်မျှပင်)မကျေနပ်မနှစ်သက်ကြလင့်ကစား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိပြဋ္ဌာန်းချက်များနှင့်အညီ အမှန်ပင်ဖြစ်စေတော်မူပေသည်တကား။

Choose other languages: