Quran Apps in many lanuages:

Surah Yunus Ayahs #78 Translated in Burmese

ثُمَّ بَعَثْنَا مِنْ بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُمْ بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِنْ قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။
ثُمَّ بَعَثْنَا مِنْ بَعْدِهِمْ مُوسَىٰ وَهَارُونَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ بِآيَاتِنَا فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုရစူလ် တမန်တော်များ မရှိသည့်နောက်တွင် (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်)ဟာရွန် အားလည်းကောင်း၊ငါအင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န်နှင့် ၎င်း ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့လေသည်။ သို့သော် ၎င်း တို့သည် မောက်မာပလွှားခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်း တို့သည် ပြစ်မှုကျူးလွန်လေ့ရှိသော အမျိုးသားများ ဖြစ်ခဲ့ကြကုန်သတည်း။
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا إِنَّ هَٰذَا لَسِحْرٌ مُبِينٌ
သို့ဖြစ်ပေရာ ၎င်း တို့ထံ ငါအရှင်မြတ် အထံတော်မှ အမှန်တရား (တန်ခိုးပြာဋိဟာ)သည် ရောက်လာသောအခါ၎င်း တို့က ဤသည် ဧကန်မလွဲ စုန်းပယောဂ အတတ်ပင်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသတည်း။
قَالَ مُوسَىٰ أَتَقُولُونَ لِلْحَقِّ لَمَّا جَاءَكُمْ ۖ أَسِحْرٌ هَٰذَا وَلَا يُفْلِحُ السَّاحِرُونَ
(ထိုအခါ နဗီတမန်တော်)မူစာက (ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့သည်အမှန်တရားနှင့်စပ်လျဉ်း၍ ထိုအမှန်တရားသည် အသင်တို့ထံရောက်လာခဲ့ပြီးမှ (ဤသည် စုန်းပယောဂဖြစ်သည်ဟ)ုပြောဆိုကြလေသလော။ ဤသည် စုန်းပယောဂအတတ် ဖြစ်ပါသလော။ အမှန်စင်စစ် သော်ကား စုန်းကဝေတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြသည် မရှိချေတကား။
قَالُوا أَجِئْتَنَا لِتَلْفِتَنَا عَمَّا وَجَدْنَا عَلَيْهِ آبَاءَنَا وَتَكُونَ لَكُمَا الْكِبْرِيَاءُ فِي الْأَرْضِ وَمَا نَحْنُ لَكُمَا بِمُؤْمِنِينَ
၎င်း တို့က (နဗီတမန်တော်မူစာအား ဤသို့)ပြောဆိုကြပြန်လေသည်။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား လွှဲဖယ်ရန်လည်းကောင်း၊ တိုင်းပြည်တွင် ခေါင်းဆောင်မှုသည် အသင်တို့နှစ်ဦး၌သာ ရှိအံ့သော ငှာလည်းကောင်း၊ အသင် ကျွန်ုပ်တို့ထံရောက်ရှိခဲ့လေသလော။ စင်စစ်သော်ကား ကျွန်ုပ်တို့သည်အသင်တို့နှစ်ဦးအား(မည်သည့်အခါ၌မျှ) ယုံစား ကြမည့်သူများမဟုတ်ချေ။

Choose other languages: