Quran Apps in many lanuages:

Surah Yunus Ayahs #76 Translated in Burmese

فَإِنْ تَوَلَّيْتُمْ فَمَا سَأَلْتُكُمْ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ၍သွားခဲ့ပါမူ ငါသည် အသင်တို့ထံ (မိမိ၏ ဆုံးမဩဝါဒပေးခြင်းနှင့် စပ်လျဉ်း၍) တစ်စုံတစ်ရာ အခပေးရန် တောင်းဆိုခဲ့ဖူးသည်မဟုတ်ပေ။ ငါ့အား အစားပေးရန်တာဝန်ကားအလ္လာဟ်အရှင်မြတ်အပေါ် ၌သာရှိပေသည်။ ၎င်း ပြင် ငါသည်မုစ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)တို့တွင် တဦးအပါအဝင်ဖြစ်ရန် အမိန့်ပေးတော်ရရှိခဲ့လေသတည်း။
فَكَذَّبُوهُ فَنَجَّيْنَاهُ وَمَنْ مَعَهُ فِي الْفُلْكِ وَجَعَلْنَاهُمْ خَلَائِفَ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنْذَرِينَ
သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်) နူးဟ်နှင့်အတူ သင်္ဘောပေါ်တွင်(စီးနင်း)လိုက်ပါခဲ့ကြကုန်သော သူတို့အားလည်းကောင်း၊ (ရေဘေးမှ)ကယ်တော်မူခဲ့လေသည်။၎င်း ပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်နူးဟ်နှင့်အတူလိုက်ပါခဲ့သော)သူတို့အား (ကမ္ဘာမြေပြင်ဝယ် ရေဘေးသင့်၍သေကြေပျက်စီးသွားခဲ့ကြသောသူတို့၏) အရိုက်အရာ ဆက်ခံသူများ ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောသူတို့အား ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နောက်ဆုံးအကျိုးဆက်သည် မည်သို့မည်ပုံရှိခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါလေ။
ثُمَّ بَعَثْنَا مِنْ بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُمْ بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِنْ قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။
ثُمَّ بَعَثْنَا مِنْ بَعْدِهِمْ مُوسَىٰ وَهَارُونَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ بِآيَاتِنَا فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုရစူလ် တမန်တော်များ မရှိသည့်နောက်တွင် (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်)ဟာရွန် အားလည်းကောင်း၊ငါအင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န်နှင့် ၎င်း ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့လေသည်။ သို့သော် ၎င်း တို့သည် မောက်မာပလွှားခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်း တို့သည် ပြစ်မှုကျူးလွန်လေ့ရှိသော အမျိုးသားများ ဖြစ်ခဲ့ကြကုန်သတည်း။
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا إِنَّ هَٰذَا لَسِحْرٌ مُبِينٌ
သို့ဖြစ်ပေရာ ၎င်း တို့ထံ ငါအရှင်မြတ် အထံတော်မှ အမှန်တရား (တန်ခိုးပြာဋိဟာ)သည် ရောက်လာသောအခါ၎င်း တို့က ဤသည် ဧကန်မလွဲ စုန်းပယောဂ အတတ်ပင်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသတည်း။

Choose other languages: