Quran Apps in many lanuages:

Surah Ya-Seen Ayahs #83 Translated in Burmese

قُلْ يُحْيِيهَا الَّذِي أَنْشَأَهَا أَوَّلَ مَرَّةٍ ۖ وَهُوَ بِكُلِّ خَلْقٍ عَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ပထမအကြိမ် ယင်းအရိုးများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည်ပင်လျှင် ယင်းအရိုးများကို ရှင်(ပြန်)စေတော်မူမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလုံးစုံသောဖန်ဆင်းပုံ ဖန်ဆင်းနည်းတို့ကို ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
الَّذِي جَعَلَ لَكُمْ مِنَ الشَّجَرِ الْأَخْضَرِ نَارًا فَإِذَا أَنْتُمْ مِنْهُ تُوقِدُونَ
အကြင်အရှင်မြတ်သည် စိမ်းစိုသောသစ်ပင်မှပင် အသင်တို့၏အကျိုးငှာ မီးကိုဖန်ဆင်းတော်မူခဲ့ရာ ယခုသော်ကား အသင်တို့သည် ထိုသစ်ပင်မှပင် မီးမွှေးနေကြကုန်သတည်း။
أَوَلَيْسَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِقَادِرٍ عَلَىٰ أَنْ يَخْلُقَ مِثْلَهُمْ ۚ بَلَىٰ وَهُوَ الْخَلَّاقُ الْعَلِيمُ
မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(ဒုတိယအကြိမ်ထပ်မံ၍) ဖန်ဆင်းတော်မူရန် စွမ်းနိုင်တော်မူသော အရှင်မဟုတ်ပါလော။ အဘယ်ကြောင့်မဟုတ်ပါသနည်း။ မုချမလွဲ(စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်)ဖြစ်တော်မူ၏။ စင်စစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ ဖန်ဆင်းတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အာကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
إِنَّمَا أَمْرُهُ إِذَا أَرَادَ شَيْئًا أَنْ يَقُولَ لَهُ كُنْ فَيَكُونُ
ထိုအရှင်မြတ်၏ အမိန့်တော်ကား တစ်စုံတစ်ရာကို ထိုအရှင်မြတ်သည် (ဖန်ဆင်းတော်မူရန်) ရည်စူးတော်မူသောအခါ ထိုအရာကို ဖြစ်စေဟု မိန့်ကြားတော်မူခြင်းမျှဖြစ်၏။ ထိုအခါ ယင်းအရာသည် ဖြစ်လာလေ၏။
فَسُبْحَانَ الَّذِي بِيَدِهِ مَلَكُوتُ كُلِّ شَيْءٍ وَإِلَيْهِ تُرْجَعُونَ
သို့ဖြစ်ပေရာ အကြင်အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူ၏။ အရာခပ်သိမ်းတို့ကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့ (အားလုံး)သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်၍ သွားကြရကုန်အံ့သတည်း။

Choose other languages: