Quran Apps in many lanuages:

Surah Ya-Seen Ayahs #77 Translated in Burmese

وَلَهُمْ فِيهَا مَنَافِعُ وَمَشَارِبُ ۖ أَفَلَا يَشْكُرُونَ
ထိုမှတစ်ပါး ထိုသူတို့အဖို့ ယင်းတိရစ္ဆာန်များ၌(အခြား) အကျိုးကျေးဇူးများသည် လည်းကောင်း၊ သောက်သုံးဖွယ်ရာများသည် လည်းကောင်း၊ ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင်ကြလေသလော။
وَاتَّخَذُوا مِنْ دُونِ اللَّهِ آلِهَةً لَعَلَّهُمْ يُنْصَرُونَ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့မှာ ကူညီရိုင်းပင်းခြင်းကို ခံကြရမည်ဟု မျှော်လင့်ကြလျက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို သတ်မှတ်ခဲ့ကြကုန်၏။
لَا يَسْتَطِيعُونَ نَصْرَهُمْ وَهُمْ لَهُمْ جُنْدٌ مُحْضَرُونَ
(အမှန်စင်စစ်သော်ကား) ထိုကိုးကွယ်ရာများသည် ၎င်းတို့အား (အနည်းငယ် စိုးစဉ်းမျှပင်) ယိုင်းပင်း ကူညီနိုင်ကြသည် မဟုတ်သည့်ပြင် စင်စစ် ယင်းကိုးကွယ်ရာများမှာ(ရှေ့တော်မှောက်သို့) အဆင်သင့် ရောက်ရှိစေခြင်း ခံကြရသော ၎င်းတို့၏ ဆန့်ကျင်ဖက်အုပ်စုပင် ဖြစ်သွားကြပေမည်။
فَلَا يَحْزُنْكَ قَوْلُهُمْ ۘ إِنَّا نَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ထိုသူတို့၏ပြောဆိုမှုသည် အသင့်အား စိတ်နှလုံးမချမ်းမြေ့ မဖြစ်စေရ။ဧကန်အမှန် ထိုသူတို့ လျှို့ဝှက်သမျှတို့ ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ ငါအရှင်မြတ်သည်(အကြွင်းမဲ့) သိရှိတော်မူပေသတည်း။
أَوَلَمْ يَرَ الْإِنْسَانُ أَنَّا خَلَقْنَاهُ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُبِينٌ
မနုဿ" လူသားသည် မစဉ်းစားမဆင်ခြင် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်း တော်မူခဲ့၏။ သို့ရာတွင် ရုတ်တရက် ၎င်းမှာ ထင်ရှားစွာသော အငြင်းအခုံ ပြုလုပ်သူဖြစ်လာခဲ့၏။

Choose other languages: