Quran Apps in many lanuages:

Surah Ya-Seen Ayahs #79 Translated in Burmese

لَا يَسْتَطِيعُونَ نَصْرَهُمْ وَهُمْ لَهُمْ جُنْدٌ مُحْضَرُونَ
(အမှန်စင်စစ်သော်ကား) ထိုကိုးကွယ်ရာများသည် ၎င်းတို့အား (အနည်းငယ် စိုးစဉ်းမျှပင်) ယိုင်းပင်း ကူညီနိုင်ကြသည် မဟုတ်သည့်ပြင် စင်စစ် ယင်းကိုးကွယ်ရာများမှာ(ရှေ့တော်မှောက်သို့) အဆင်သင့် ရောက်ရှိစေခြင်း ခံကြရသော ၎င်းတို့၏ ဆန့်ကျင်ဖက်အုပ်စုပင် ဖြစ်သွားကြပေမည်။
فَلَا يَحْزُنْكَ قَوْلُهُمْ ۘ إِنَّا نَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ထိုသူတို့၏ပြောဆိုမှုသည် အသင့်အား စိတ်နှလုံးမချမ်းမြေ့ မဖြစ်စေရ။ဧကန်အမှန် ထိုသူတို့ လျှို့ဝှက်သမျှတို့ ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ ငါအရှင်မြတ်သည်(အကြွင်းမဲ့) သိရှိတော်မူပေသတည်း။
أَوَلَمْ يَرَ الْإِنْسَانُ أَنَّا خَلَقْنَاهُ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُبِينٌ
မနုဿ" လူသားသည် မစဉ်းစားမဆင်ခြင် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်း တော်မူခဲ့၏။ သို့ရာတွင် ရုတ်တရက် ၎င်းမှာ ထင်ရှားစွာသော အငြင်းအခုံ ပြုလုပ်သူဖြစ်လာခဲ့၏။
وَضَرَبَ لَنَا مَثَلًا وَنَسِيَ خَلْقَهُ ۖ قَالَ مَنْ يُحْيِي الْعِظَامَ وَهِيَ رَمِيمٌ
ထိုမှတစ်ပါး ထို "မနုဿ" လူသားသည် ငါအရှင်မြတ်နှင့်ပတ်သက်၍(လွန်စွာရိုင်းပြသော) ဥပမာတစ်ခုကို ခိုင်းနှိုင်း ပြောဆိုခဲ့လေ၏။ ထို့ပြင် ၎င်းသည် မိမိဖန်ဆင်းခြင်းခံခဲ့ရသောအဖြစ်ကို မေ့သွားခဲ့၏။ ၎င်းက (ခိုင်းနှိုင်း ပြောဆိုခဲ့သည်မှာ) အရိုးများ ဆွေးမြည့်သွားခဲ့သောအခါ မည်သူသည် ယင်းအရိုးများကို ရှင်စေအံ့နည်းဟု ပြောဆိုခဲ့လေ၏။
قُلْ يُحْيِيهَا الَّذِي أَنْشَأَهَا أَوَّلَ مَرَّةٍ ۖ وَهُوَ بِكُلِّ خَلْقٍ عَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ပထမအကြိမ် ယင်းအရိုးများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည်ပင်လျှင် ယင်းအရိုးများကို ရှင်(ပြန်)စေတော်မူမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလုံးစုံသောဖန်ဆင်းပုံ ဖန်ဆင်းနည်းတို့ကို ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

Choose other languages: