Quran Apps in many lanuages:

Surah Ya-Seen Ayahs #74 Translated in Burmese

لِيُنْذِرَ مَنْ كَانَ حَيًّا وَيَحِقَّ الْقَوْلُ عَلَى الْكَافِرِينَ
(ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းမှာ)ထိုတမန်တော်မြတ်သည် (စိတ်နှလုံး)ရှင်သူတို့အား သတိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အပေါ် စွပ်စွဲချက် အတည်ဖြစ်အံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း။
أَوَلَمْ يَرَوْا أَنَّا خَلَقْنَا لَهُمْ مِمَّا عَمِلَتْ أَيْدِينَا أَنْعَامًا فَهُمْ لَهَا مَالِكُونَ
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အကျိုးငှာ မိမိလက်တော်ဖြင့် ပြုလုပ်တော်မူခဲ့သောအရာတို့တွင် ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့ကို ဖန်ဆင်းတော်မူခဲ့ရာ၊ ၎င်းတို့သည် ယင်းကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ပိုင်ဆိုင်သူများ ဖြစ်သွားခဲ့ကြသည်ကို ၎င်းတို့ မမြင်ခဲ့ကြလေသလော။
وَذَلَّلْنَاهَا لَهُمْ فَمِنْهَا رَكُوبُهُمْ وَمِنْهَا يَأْكُلُونَ
ထို့ပြင် ငါအရှင်မြတ်သည် ယင်းတိရစ္ဆာန်များကို အညံ့ခံစေတော်မူခဲ့ရာ ယင်းတိရစ္ဆာန်များအနက် အချို့မှာ ၎င်းတို့၏ အစီးအနင်းဖြစ်ကြ၏။ ထိုမှတစ်ပါး ယင်းတိရစ္ဆာန်များအနက် အချို့ကို ၎င်းတို့သည် စားသုံးကြကုန်၏။
وَلَهُمْ فِيهَا مَنَافِعُ وَمَشَارِبُ ۖ أَفَلَا يَشْكُرُونَ
ထိုမှတစ်ပါး ထိုသူတို့အဖို့ ယင်းတိရစ္ဆာန်များ၌(အခြား) အကျိုးကျေးဇူးများသည် လည်းကောင်း၊ သောက်သုံးဖွယ်ရာများသည် လည်းကောင်း၊ ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင်ကြလေသလော။
وَاتَّخَذُوا مِنْ دُونِ اللَّهِ آلِهَةً لَعَلَّهُمْ يُنْصَرُونَ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့မှာ ကူညီရိုင်းပင်းခြင်းကို ခံကြရမည်ဟု မျှော်လင့်ကြလျက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို သတ်မှတ်ခဲ့ကြကုန်၏။

Choose other languages: