Quran Apps in many lanuages:

Surah Ya-Seen Ayahs #69 Translated in Burmese

الْيَوْمَ نَخْتِمُ عَلَىٰ أَفْوَاهِهِمْ وَتُكَلِّمُنَا أَيْدِيهِمْ وَتَشْهَدُ أَرْجُلُهُمْ بِمَا كَانُوا يَكْسِبُونَ
ယနေ့သော်ကား ငါအရှင်မြတ်သည် ၎င်းတို့၏နှုတ်များပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူမည်။ ထို့ပြင် ၎င်းတို့၏လက်များသည် ငါအရှင်မြတ်နှင့် စကားပြောဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ခြေများသည် ၎င်းတို့ ပြုလုပ်ဆည်းပူးခဲ့သမျှတို့ကို သက်သေခံကြပေမည်။ (တစ်နည်း) ထိုအခါ ၎င်းတို့ဆည်းပူးခဲ့သမျှတို့ကို ၎င်းတို့၏လက်များက ငါအရှင်မြတ်အား လျှောက်ထားကြ၍ ၎င်းတို့၏ခြေများက သက်သေခံကြပေမည်။
وَلَوْ نَشَاءُ لَطَمَسْنَا عَلَىٰ أَعْيُنِهِمْ فَاسْتَبَقُوا الصِّرَاطَ فَأَنَّىٰ يُبْصِرُونَ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် (လူ့လောက၌ပင်) ၎င်းတို့၏မျက်စိများကို ကွယ်ပျောက်စေတော်မူခဲ့ပေမည်။ ထိုအခါ ၎င်းတို့သည် လမ်းသို့ ပြေးကြပေမည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်မှာလျှင် မြင်ကြပေမည်နည်း။
وَلَوْ نَشَاءُ لَمَسَخْنَاهُمْ عَلَىٰ مَكَانَتِهِمْ فَمَا اسْتَطَاعُوا مُضِيًّا وَلَا يَرْجِعُونَ
ထိုနည်းတူစွာ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့၏နေရာ၌ပင် ၎င်းတို့အား ပုံသဏ္ဌာန်ပြောင်းလဲပစ်တော်မူခဲ့ပေမည်။ ထိုအခါ ၎င်းတို့သည် ရှေ့သို့သွားနိုင်ကြမည်လည်း မဟုတ်ပေ။ နောက်သို့ ပြန်လာနိုင်ကြမည်လည်း မဟုတ်ပေတကား။
وَمَنْ نُعَمِّرْهُ نُنَكِّسْهُ فِي الْخَلْقِ ۖ أَفَلَا يَعْقِلُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် သက်ရွယ်ကြီးရင့် အိုမင်းစေတော်မူသောသူအား ၎င်း၏ ဖန်ဆင်းမှု၌ ပြောင်းပြန်ဖြစ်စေတော်မူ၏။ သို့ပါလျက် ၎င်းတို့သည် (ဤမျှပင်) မသိ နားမလည်ကြလေသလော။
وَمَا عَلَّمْنَاهُ الشِّعْرَ وَمَا يَنْبَغِي لَهُ ۚ إِنْ هُوَ إِلَّا ذِكْرٌ وَقُرْآنٌ مُبِينٌ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို (တမန်တော်မြတ်မုဟမ္မဒ်)အား လင်္ကာ (ဖွဲ့စပ်သီကုံးခြင်း)ကို သင်ကြားပို့ချ၍ ပေးတော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ယင်းလင်္ကာ(စပ်ဆိုသီကုံးခြင်း)သည် ထို(တမန်တော်မြတ်)နှင့် အပ်စပ်သည်လည်းမဟုတ်ပေ။ ထို(တမန်တော်မြတ် ယူဆောင်လာသော) တရားဒေသနာမှာ ဆုံးမဩဝါဒနှင့် ထင်ရှားသော ကုရ်အာန်ကျမ်းမြတ်သာလျှင် ဖြစ်ပေသည်။

Choose other languages: