Quran Apps in many lanuages:

Surah Ya-Seen Ayahs #72 Translated in Burmese

وَمَنْ نُعَمِّرْهُ نُنَكِّسْهُ فِي الْخَلْقِ ۖ أَفَلَا يَعْقِلُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် သက်ရွယ်ကြီးရင့် အိုမင်းစေတော်မူသောသူအား ၎င်း၏ ဖန်ဆင်းမှု၌ ပြောင်းပြန်ဖြစ်စေတော်မူ၏။ သို့ပါလျက် ၎င်းတို့သည် (ဤမျှပင်) မသိ နားမလည်ကြလေသလော။
وَمَا عَلَّمْنَاهُ الشِّعْرَ وَمَا يَنْبَغِي لَهُ ۚ إِنْ هُوَ إِلَّا ذِكْرٌ وَقُرْآنٌ مُبِينٌ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို (တမန်တော်မြတ်မုဟမ္မဒ်)အား လင်္ကာ (ဖွဲ့စပ်သီကုံးခြင်း)ကို သင်ကြားပို့ချ၍ ပေးတော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ယင်းလင်္ကာ(စပ်ဆိုသီကုံးခြင်း)သည် ထို(တမန်တော်မြတ်)နှင့် အပ်စပ်သည်လည်းမဟုတ်ပေ။ ထို(တမန်တော်မြတ် ယူဆောင်လာသော) တရားဒေသနာမှာ ဆုံးမဩဝါဒနှင့် ထင်ရှားသော ကုရ်အာန်ကျမ်းမြတ်သာလျှင် ဖြစ်ပေသည်။
لِيُنْذِرَ مَنْ كَانَ حَيًّا وَيَحِقَّ الْقَوْلُ عَلَى الْكَافِرِينَ
(ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းမှာ)ထိုတမန်တော်မြတ်သည် (စိတ်နှလုံး)ရှင်သူတို့အား သတိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အပေါ် စွပ်စွဲချက် အတည်ဖြစ်အံ့သောငှာလည်းကောင်း၊ ဖြစ်ချေသတည်း။
أَوَلَمْ يَرَوْا أَنَّا خَلَقْنَا لَهُمْ مِمَّا عَمِلَتْ أَيْدِينَا أَنْعَامًا فَهُمْ لَهَا مَالِكُونَ
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အကျိုးငှာ မိမိလက်တော်ဖြင့် ပြုလုပ်တော်မူခဲ့သောအရာတို့တွင် ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့ကို ဖန်ဆင်းတော်မူခဲ့ရာ၊ ၎င်းတို့သည် ယင်းကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ပိုင်ဆိုင်သူများ ဖြစ်သွားခဲ့ကြသည်ကို ၎င်းတို့ မမြင်ခဲ့ကြလေသလော။
وَذَلَّلْنَاهَا لَهُمْ فَمِنْهَا رَكُوبُهُمْ وَمِنْهَا يَأْكُلُونَ
ထို့ပြင် ငါအရှင်မြတ်သည် ယင်းတိရစ္ဆာန်များကို အညံ့ခံစေတော်မူခဲ့ရာ ယင်းတိရစ္ဆာန်များအနက် အချို့မှာ ၎င်းတို့၏ အစီးအနင်းဖြစ်ကြ၏။ ထိုမှတစ်ပါး ယင်းတိရစ္ဆာန်များအနက် အချို့ကို ၎င်းတို့သည် စားသုံးကြကုန်၏။

Choose other languages: