Quran Apps in many lanuages:

Surah Ya-Seen Ayahs #66 Translated in Burmese

وَلَقَدْ أَضَلَّ مِنْكُمْ جِبِلًّا كَثِيرًا ۖ أَفَلَمْ تَكُونُوا تَعْقِلُونَ
ထို့ပြင် မချွတ်မလွဲ ထို "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့အနက် မြောက်များစွာသော အဖန်ဆင်းခံတို့အား လမ်းလွဲစေခဲ့လေပြီ။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) မသိ နားမလည်ခဲ့ကြလေသလော။
هَٰذِهِ جَهَنَّمُ الَّتِي كُنْتُمْ تُوعَدُونَ
ဤသည် အသင်တို့ ကတိပေးချိန်းဆိုခြင်း ခံခဲ့ကြရကုန်သော "ဂျဟန္နမ်" ငရဲဘုံပင် ဖြစ်၏။
اصْلَوْهَا الْيَوْمَ بِمَا كُنْتُمْ تَكْفُرُونَ
အသင်တို့သည် မိမိတို့ မယုံမကြည် သွေဖည်ငြင်းပယ်လျက်ရှိခဲ့ကြသောကြောင့် ယနေ့ ထို "ဂျဟန္နမ်" ငရဲဘုံသို့ လားကြကုန်လေ။
الْيَوْمَ نَخْتِمُ عَلَىٰ أَفْوَاهِهِمْ وَتُكَلِّمُنَا أَيْدِيهِمْ وَتَشْهَدُ أَرْجُلُهُمْ بِمَا كَانُوا يَكْسِبُونَ
ယနေ့သော်ကား ငါအရှင်မြတ်သည် ၎င်းတို့၏နှုတ်များပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူမည်။ ထို့ပြင် ၎င်းတို့၏လက်များသည် ငါအရှင်မြတ်နှင့် စကားပြောဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ခြေများသည် ၎င်းတို့ ပြုလုပ်ဆည်းပူးခဲ့သမျှတို့ကို သက်သေခံကြပေမည်။ (တစ်နည်း) ထိုအခါ ၎င်းတို့ဆည်းပူးခဲ့သမျှတို့ကို ၎င်းတို့၏လက်များက ငါအရှင်မြတ်အား လျှောက်ထားကြ၍ ၎င်းတို့၏ခြေများက သက်သေခံကြပေမည်။
وَلَوْ نَشَاءُ لَطَمَسْنَا عَلَىٰ أَعْيُنِهِمْ فَاسْتَبَقُوا الصِّرَاطَ فَأَنَّىٰ يُبْصِرُونَ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် (လူ့လောက၌ပင်) ၎င်းတို့၏မျက်စိများကို ကွယ်ပျောက်စေတော်မူခဲ့ပေမည်။ ထိုအခါ ၎င်းတို့သည် လမ်းသို့ ပြေးကြပေမည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်မှာလျှင် မြင်ကြပေမည်နည်း။

Choose other languages: