Quran Apps in many lanuages:

Surah Ya-Seen Ayahs #62 Translated in Burmese

سَلَامٌ قَوْلًا مِنْ رَبٍّ رَحِيمٍ
ဖန်ဆင်းမွေးမြူတော်မူသော အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်အထံတော်မှ "စလာမ်" (ချမ်းမြေ့သာယာစေ)ဟူ၍ မိန့်ကြားတော်မူအံ့သတည်း။
وَامْتَازُوا الْيَوْمَ أَيُّهَا الْمُجْرِمُونَ
၎င်းပြင် (အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူပေမည်) အို-အပြစ်ရှိသူအပေါင်းတို့၊ အသင်တို့သည် ယနေ့ တစ်သီးတစ်ခြား နေကြကုန်လော့။
أَلَمْ أَعْهَدْ إِلَيْكُمْ يَا بَنِي آدَمَ أَنْ لَا تَعْبُدُوا الشَّيْطَانَ ۖ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
အို-"အာဒမ်"၏သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အား(ကြပ်ကြပ်)သတိပေး တော်မူခဲ့သည် မဟုတ်လော။ အသင်တို့သည် "ရှိုင်တွာန်" မိစ္ဆာကောင်အား ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်၊ ဧကန်မလွဲ "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့၏ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။
وَأَنِ اعْبُدُونِي ۚ هَٰذَا صِرَاطٌ مُسْتَقِيمٌ
ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြလေကုန်၊ ဤသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းဖြစ်၏။
وَلَقَدْ أَضَلَّ مِنْكُمْ جِبِلًّا كَثِيرًا ۖ أَفَلَمْ تَكُونُوا تَعْقِلُونَ
ထို့ပြင် မချွတ်မလွဲ ထို "ရှိုင်တွာန်" မိစ္ဆာကောင်သည် အသင်တို့အနက် မြောက်များစွာသော အဖန်ဆင်းခံတို့အား လမ်းလွဲစေခဲ့လေပြီ။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) မသိ နားမလည်ခဲ့ကြလေသလော။

Choose other languages: