Quran Apps in many lanuages:

Surah Ya-Seen Ayahs #36 Translated in Burmese

وَإِنْ كُلٌّ لَمَّا جَمِيعٌ لَدَيْنَا مُحْضَرُونَ
ထိုမှတစ်ပါး (၎င်းတို့)အားလုံးတို့သည် ငါအရှင်မြတ်အထံတော်သို့ အဆင်သင့်ရောက်ရှိစေခြင်းကို ခံကြရမည့်သူများသာ ဖြစ်ကြကုန်သတည်း။
وَآيَةٌ لَهُمُ الْأَرْضُ الْمَيْتَةُ أَحْيَيْنَاهَا وَأَخْرَجْنَا مِنْهَا حَبًّا فَمِنْهُ يَأْكُلُونَ
စင်စစ်သော်ကား ၎င်းတို့အဖို့ သက်သေ လက္ခဏာတစ်ရပ်မှာ (သွေ့ခြောက်လျက်ရှိသော) မြေသေပင်ဖြစ်၏။ငါအရှင်မြတ်သည် ယင်းမြေသေကို ရှင်စေတော်မူပြီးနောက် ယင်းမြေမှ ကောက်ပဲသီးနှံကို ထွက်စေတော်မူခဲ့ရာ ၎င်းတို့သည် ယင်းကောက်ပဲသီးနှံများကို စားသုံးလျက် ရှိကြကုန်၏။
وَجَعَلْنَا فِيهَا جَنَّاتٍ مِنْ نَخِيلٍ وَأَعْنَابٍ وَفَجَّرْنَا فِيهَا مِنَ الْعُيُونِ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းမြေ၌ စွန်ပလွံခြံများကိုလည်းကောင်း၊ စပျစ်ခြံများကိုလည်းကောင်း၊ စီရင်ပြုလုပ်တော်မူခဲ့သည်သာမက ယင်းမြေ၌ စိမ့်စမ်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။
لِيَأْكُلُوا مِنْ ثَمَرِهِ وَمَا عَمِلَتْهُ أَيْدِيهِمْ ۖ أَفَلَا يَشْكُرُونَ
၎င်းတို့သည် ယင်းစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများမှ စားသုံးအံ့သောငှာ စင်စစ် ထိုအသီးများကို(ကောက်ပဲသီးနှံများကို) ၎င်းတို့၏လက်များက [(တစ်နည်း)၎င်းတို့ ကိုယ်တိုင်က] ပြုလုပ်ခဲ့သည် မဟုတ်ပေ။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင် ကြလေသလော။
سُبْحَانَ الَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا مِمَّا تُنْبِتُ الْأَرْضُ وَمِنْ أَنْفُسِهِمْ وَمِمَّا لَا يَعْلَمُونَ
မြေ၌ပေါက်ရောက်သော အရာများတွင်လည်းကောင်း၊ ထိုသူတို့ကိုယ်များတွင်လည်းကောင်း၊ ထိုသူတို့ မသိကြသောအရာများတွင်လည်းကောင်း၊ ဖို၊ မများ၊ စုံတွဲများ အမျိုးမျိုးအစားစား ဖန်ဆင်းထားတော်မူသော အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းတို့မှ စင်ကြယ် သန့်ရှင်းတော်မူပါ၏တကား။

Choose other languages: