Quran Apps in many lanuages:

Surah Ya-Seen Ayahs #6 Translated in Burmese

وَالْقُرْآنِ الْحَكِيمِ
(ငါအရှင်မြတ်သည်) ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော (ဤ)ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေ ထူထောင်တော်မူသည်။
إِنَّكَ لَمِنَ الْمُرْسَلِينَ
မလွဲဧကန် အသင်သည် ရစူလ်တမန်တော်အပေါင်းတို့တွင် အမှန်ပင် တစ်ပါး အပါအဝင် ဖြစ်သည်။
عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ဖြောင့်မတ်သော တရားလမ်းပေါ်၌ တည်ရှိနေပေသည်။
تَنْزِيلَ الْعَزِيزِ الرَّحِيمِ
(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော၊ အရှင်မြတ်၏ အထံတော်မှ ချပေးတော်မူသော (ကျမ်းတော်)ဖြစ်သည်။
لِتُنْذِرَ قَوْمًا مَا أُنْذِرَ آبَاؤُهُمْ فَهُمْ غَافِلُونَ
(ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခြင်းမှာ) အသင်သည် (ဦးစွာ ပထမသော်)အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော် ရန်ဖြစ်သည်။ ထိုအမျိုးသားတို့၏ အဘ၊ ဘိုး၊ ဘေးတို့မှာ သတိပေးနှိုးဆော်ခြင်း မခံခဲ့ရကြပေ၊ သို့ဖြစ်ပေရာ ထိုအမျိုးသားတို့သည် (တရားလမ်းမှန်ကို) မသိသူများပင် ဖြစ်ကြကုန်သည်။

Choose other languages: