Quran Apps in many lanuages:

Surah Ya-Seen Ayahs #8 Translated in Burmese

عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ဖြောင့်မတ်သော တရားလမ်းပေါ်၌ တည်ရှိနေပေသည်။
تَنْزِيلَ الْعَزِيزِ الرَّحِيمِ
(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော၊ အရှင်မြတ်၏ အထံတော်မှ ချပေးတော်မူသော (ကျမ်းတော်)ဖြစ်သည်။
لِتُنْذِرَ قَوْمًا مَا أُنْذِرَ آبَاؤُهُمْ فَهُمْ غَافِلُونَ
(ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခြင်းမှာ) အသင်သည် (ဦးစွာ ပထမသော်)အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော် ရန်ဖြစ်သည်။ ထိုအမျိုးသားတို့၏ အဘ၊ ဘိုး၊ ဘေးတို့မှာ သတိပေးနှိုးဆော်ခြင်း မခံခဲ့ရကြပေ၊ သို့ဖြစ်ပေရာ ထိုအမျိုးသားတို့သည် (တရားလမ်းမှန်ကို) မသိသူများပင် ဖြစ်ကြကုန်သည်။
لَقَدْ حَقَّ الْقَوْلُ عَلَىٰ أَكْثَرِهِمْ فَهُمْ لَا يُؤْمِنُونَ
ဧကန်မလွဲ ၎င်းတို့အနက် မြောက်မြားစွာသော သူတို့အပေါ်၌ အမိန့်တော်သည် အတည်ဖြစ်ခဲ့ပေရာ ၎င်းတို့မှာ "အီမာန်" သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။
إِنَّا جَعَلْنَا فِي أَعْنَاقِهِمْ أَغْلَالًا فَهِيَ إِلَى الْأَذْقَانِ فَهُمْ مُقْمَحُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ထားတော်မူခဲ့ရာ ယင်းလည်ကွင်းများမှာ (၎င်းတို့၏)မေးစေ့များအထိ ရောက်ရှိ၍ နေကုန်၏။ထို့ကြောင့် ၎င်းတို့သည် ဦးခေါင်းမော့လျက်ပင် ရှိနေကြကုန်၏။

Choose other languages: