Quran Apps in many lanuages:

Surah Ya-Seen Ayahs #27 Translated in Burmese

أَأَتَّخِذُ مِنْ دُونِهِ آلِهَةً إِنْ يُرِدْنِ الرَّحْمَٰنُ بِضُرٍّ لَا تُغْنِ عَنِّي شَفَاعَتُهُمْ شَيْئًا وَلَا يُنْقِذُونِ
ကျွန်ုပ်သည် ထိုအရှင်မြတ်အားစွန့်၍ အခြားအကြင်ကဲ့သို့သော ကိုးကွယ်ရာများကို (ကိုးကွယ်) ရမည်လော။ အကယ်၍ "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည် ကျွန်ုပ်တွင် ဘေးအန္တရာယ် တစ်စုံတစ်ရာ သက်ရောက်စေရန် ရည်စူးတော်မူပါလျှင် ယင်းကိုးကွယ်ရာများ၏ ကြားဝင် အသနားခံပေးမှုသည်လည်း ကျွန်ုပ်၏အဖို့ အနည်းငယ်မျှပင် အသုံးကျမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကျွန်ုပ်အား လွတ်မြောက်စေနိုင်ကြမည်လည်း မဟုတ်ပေ။
إِنِّي إِذًا لَفِي ضَلَالٍ مُبِينٍ
ထိုသို့ဖြစ်ခဲ့လျှင် ဧကန်မလွဲ ကျွန်ုပ်သည် ထင်ရှားစွာသော လမ်းမှားမှု၌ (သက်ရောက်သွားပေမည်)။
إِنِّي آمَنْتُ بِرَبِّكُمْ فَاسْمَعُونِ
ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင် ယုံကြည်ခဲ့ပြီဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်(၏စကား)ကို နားထောင်ကြလေကုန်။
قِيلَ ادْخُلِ الْجَنَّةَ ۖ قَالَ يَا لَيْتَ قَوْمِي يَعْلَمُونَ
အသင်သည် "ဂျန္နတ်" သုခဘုံသို့ ဝင်ရောက်လေလော့ဟု မိန့်ကြားတော်မူခြင်း ခံရလေသောအခါ ထိုသူက ပြောဆိုခဲ့လေ၏။ ဪ-ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွ။
بِمَا غَفَرَ لِي رَبِّي وَجَعَلَنِي مِنَ الْمُكْرَمِينَ
ကျွန်ုပ်၏အရှင်မြတ်သည် ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်သိန်ရှိသူတို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ (ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွတကားဟု ပြောဆိုခဲ့လေသတည်း)။

Choose other languages: