Quran Apps in many lanuages:

Surah Ya-Seen Ayahs #28 Translated in Burmese

إِنِّي إِذًا لَفِي ضَلَالٍ مُبِينٍ
ထိုသို့ဖြစ်ခဲ့လျှင် ဧကန်မလွဲ ကျွန်ုပ်သည် ထင်ရှားစွာသော လမ်းမှားမှု၌ (သက်ရောက်သွားပေမည်)။
إِنِّي آمَنْتُ بِرَبِّكُمْ فَاسْمَعُونِ
ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင် ယုံကြည်ခဲ့ပြီဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်(၏စကား)ကို နားထောင်ကြလေကုန်။
قِيلَ ادْخُلِ الْجَنَّةَ ۖ قَالَ يَا لَيْتَ قَوْمِي يَعْلَمُونَ
အသင်သည် "ဂျန္နတ်" သုခဘုံသို့ ဝင်ရောက်လေလော့ဟု မိန့်ကြားတော်မူခြင်း ခံရလေသောအခါ ထိုသူက ပြောဆိုခဲ့လေ၏။ ဪ-ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွ။
بِمَا غَفَرَ لِي رَبِّي وَجَعَلَنِي مِنَ الْمُكْرَمِينَ
ကျွန်ုပ်၏အရှင်မြတ်သည် ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်သိန်ရှိသူတို့တွင် အပါအဝင် ဖြစ်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ (ကျွန်ုပ်၏အမျိုးသားတို့သည် သိရှိကြလျှင် ကောင်းလေစွတကားဟု ပြောဆိုခဲ့လေသတည်း)။
وَمَا أَنْزَلْنَا عَلَىٰ قَوْمِهِ مِنْ بَعْدِهِ مِنْ جُنْدٍ مِنَ السَّمَاءِ وَمَا كُنَّا مُنْزِلِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုသူ(သေဆုံးပြီး)နောက်တွင် ထိုသူ၏ အမျိုးသားတို့အပေါ်ဝယ် မိုးကောင်းကင်မှ မည်သည့်စစ်တပ်ကိုမျှပင် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်မှာ စေလွှတ်တော်မူရန်လည်း မလိုပေ။

Choose other languages: