Quran Apps in many lanuages:

Surah Ta-Ha Ayahs #39 Translated in Burmese

إِنَّكَ كُنْتَ بِنَا بَصِيرًا
ဧကန်မလွဲ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
قَالَ قَدْ أُوتِيتَ سُؤْلَكَ يَا مُوسَىٰ
ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်။ အို-မူစာ၊ ဧကန်မလွဲ အသင်သည် မိမိတောင်းခံချက်ကို ချီးမြှင့် ပးသနားတော်မူခြင်းခံရလေပြီ။
وَلَقَدْ مَنَنَّا عَلَيْكَ مَرَّةً أُخْرَىٰ
အမှန်စင်စစ်မူကား ငါအရှင်မြတ်သည် အသင့်အပေါ်၌ ယခင်ကလည်း တစ်ကြိမ် ကျေးဇူးပြုတော် မူခဲ့ဖူးလေသည်။
إِذْ أَوْحَيْنَا إِلَىٰ أُمِّكَ مَا يُوحَىٰ
အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်၏မိခင်ထံသို့ ထုတ်ပြန်အပ်သော အကြောင်းကို ဤသို့ထုတ်ပြန်တော်မူခဲ့လေသည်။
أَنِ اقْذِفِيهِ فِي التَّابُوتِ فَاقْذِفِيهِ فِي الْيَمِّ فَلْيُلْقِهِ الْيَمُّ بِالسَّاحِلِ يَأْخُذْهُ عَدُوٌّ لِي وَعَدُوٌّ لَهُ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِنِّي وَلِتُصْنَعَ عَلَىٰ عَيْنِي
အသင်မသည် ထိုမူစာအား သေတ္တာထဲသို့ ထည့်လော့။ ထို့နောက် အသင်မ ယင်းမူစာအား(သေတ္တာနှင့်တကွ)မြစ်ထဲသို့ (မျှော)ချလော့။ ထိုအခါ ထိုမြစ်(ရေ)သည် ယင်းမူစာအား ကမ်းခြေသို့ (ရိုက်ခတ်) ဆိုက်ရောက်စေမည်။ ထိုရောအခါဝယ် ငါအရှင်မြတ်၏ရန်သူလည်းဖြစ်သူ၊ ထိုမူစာ၏ရန်သလည်းဖြစ်သူသည် ထိုမူစာအား (ရေထဲမှ) ဆယ်ယူလိမ့်မည်ဟု (ထုတ်ပြန်တော်မူခဲ့လေသည်။) ထို့ပြင် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်းချစ်ခင်အံ့သောငှာ)အသင့်အပေါ်၌ မိမိအထံတော်မှ ချစ်မြတ်နိုးမှုကို သက်ရောက်စေတော် မူခဲ့ပေသည်။(ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) စင်စစ် အသင်သည် ငါအရှင်မြတ်၏ မျက်မှောက်တော်၌ မွေးမြူပြုစုခြင်း ခံရအံ့သောငှာဖြစ်ပေသတည်း။

Choose other languages: