Quran Apps in many lanuages:

Surah Ta-Ha Ayahs #109 Translated in Burmese

وَيَسْأَلُونَكَ عَنِ الْجِبَالِ فَقُلْ يَنْسِفُهَا رَبِّي نَسْفًا
၎င်းပြင် ထို(မက္ကာမြို့သားမိစ္ဆာဝါဒီ)တို့သည်အသင်အား တောင်များနှင့်စပ်လျဉ်း၍ (မည်သို့မည်ပုံ ဖြစ်မည်ကို) မေးမြန်းကြကုန်၏။ အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်းတောင်များကို (အစိတ်စိတ်အပိုင်းပိုင်း ဖြစ်စေ၍) လွင့်ပါးစေတော်မူမည် ဖြစ်ပေသည်။
فَيَذَرُهَا قَاعًا صَفْصَفًا
တစ်ဖန် ထိုအရှင်မြတ်သည် ယင်း (ပထဝီမြေ)ကို ညီညာသော လွင်ပြင်အဖြစ် ကျန်ရစ်စေတော်မူမည်ဖြစ်ချေသည်။
لَا تَرَىٰ فِيهَا عِوَجًا وَلَا أَمْتًا
အသင်သည် ထို(ပထဝီမြေ)၌ မည်သည့် ချိုင့်ဝှမ်းကိုမျှလည်းကောင်း၊ မည်သည့် ကုန်းကိုမျှ လည်းကောင်း၊တွေ့မြင်လိမ့်မည်မဟုတ်ပေ။
يَوْمَئِذٍ يَتَّبِعُونَ الدَّاعِيَ لَا عِوَجَ لَهُ ۖ وَخَشَعَتِ الْأَصْوَاتُ لِلرَّحْمَٰنِ فَلَا تَسْمَعُ إِلَّا هَمْسًا
ထိုနေ့တွင် လူတို့သည် ဆင့်ခေါ်သူ၏နောက်သို့ကွေ့ကောက်ခြင်းမရှိဘဲ (ဖြောင့်တန်းစွာ) လိုက်ကြပေမည်။၎င်းပြင်ရဟ်မာန်အနန္တကရုဏာတော်ရှင် ၏ရှေ့တော်မှောက်ဝယ် (၎င်းတို့၏) အသံများမှာ ငြိမ်ဆိမ်၍ သွားကြပေမည်။သို့ဖြစ်ပေရာ အသင်သည် (တိုးတိုးပြောဆိုချက်) ခြေသံမှတစ်ပါး မည်သည့်အသံကိုမျှ ကြားလိမ့်မည် မဟုတ်ပေ။
يَوْمَئِذٍ لَا تَنْفَعُ الشَّفَاعَةُ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَرَضِيَ لَهُ قَوْلًا
ထိုနေ့တွင် ကြားဝင်အသနားခံခြင်းသည်အကြင်သူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်အဖို့မျှပင်)အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ထိုသူနှင့် ပတ်သက်၍ ရဟ်မာန်အနန္တကရုဏာတော်ရှင်သည် ခွင့်ပြုတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်း၏စကား တစ်စုံတစ်ရာကို နှစ်သက်တော်မူခဲ့ လေသည်။

Choose other languages: