Quran Apps in many lanuages:

Surah Sad Ayahs #80 Translated in Burmese

قَالَ أَنَا خَيْرٌ مِنْهُ ۖ خَلَقْتَنِي مِنْ نَارٍ وَخَلَقْتَهُ مِنْ طِينٍ
ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်"ဟု လျှောက်ထားခဲ့လေသည်။
قَالَ فَاخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ
ထိုအရှင်မြတ်က မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်လျှင်(အို-"ဗ်လီစ်"၊)အသင်သည် ဤကောင်းကင်ဘုံမှ ထွက်၍သွားလော့၊ အကြောင်းမူကား အသင်သည် နှင်ထုတ်ခြင်း- ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရသူ ဖြစ်သောကြောင့်ပင်။
وَإِنَّ عَلَيْكَ لَعْنَتِي إِلَىٰ يَوْمِ الدِّينِ
ထိုမှတစ်ပါး ဧကန်မလွဲ အသင့်အပေါ်၌ ငါအရှင်မြတ်၏ စက်ဆုပ်မှုသည် အစားပေးမည့်နေ့တိုင်အောင်ပင် ရှိနေပေမည်။
قَالَ رَبِّ فَأَنْظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ
ထို "ဗ်လီစ်" က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား (လူသတ္တဝါအပေါင်း) ရှင်ပြန်ထစေခြင်းခံကြရမည့်နေ့တိုင်အောင်(သေခြင်းမှ- ပြစ်ဒဏ်စီရင်တော်မူခြင်းမှ) ရွှေ့ဆိုင်း၍ ထားတော်မူပါ"ဟု လျှောက်ထားခဲ့လေ၏။
قَالَ فَإِنَّكَ مِنَ الْمُنْظَرِينَ
ထိုအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ သို့ဆိုလျှင် ဧကန်မလွဲ အသင်သည် ရွှေ့ဆိုင်းထားခြင်းခံရသူ တစ်ဦးပင်ဖြစ်၏။

Choose other languages: