Quran Apps in many lanuages:

Surah Sad Ayahs #70 Translated in Burmese

رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الْعَزِيزُ الْغَفَّارُ
(ထိုအရှင်မြတ်သည်သာလျှင်)မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
قُلْ هُوَ نَبَأٌ عَظِيمٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ("ကိယာမတ်"ရှင်ပြန်ထမည့် နေ့၏အကြောင်းသတင်း)သည် ကြီးကျယ်လှစွာသော အကြောင်းသတင်းပင်။
أَنْتُمْ عَنْهُ مُعْرِضُونَ
အသင်တို့သည် ယင်းအကြောင်းသတင်းကို လျစ်လျူရှုနေသူများပင် ဖြစ်ကြကုန်၏။
مَا كَانَ لِيَ مِنْ عِلْمٍ بِالْمَلَإِ الْأَعْلَىٰ إِذْ يَخْتَصِمُونَ
ငါသည် အထက်ကောင်းကင်ရှိ ပရိသတ်နှင့်၏ပတ်သက်၍၊ ၎င်းတို့အချင်းချင်း ပြောဆိုအငြင်းပွားလျက်ရှိကြစဉ် မည်သည်ကိုမျှ မသိခဲ့ပေ။
إِنْ يُوحَىٰ إِلَيَّ إِلَّا أَنَّمَا أَنَا نَذِيرٌ مُبِينٌ
ငါ့ထံသို့ ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်ခြင်းကြောင့်သာလျှင် "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်ခြင်းခံရပေသတည်း။

Choose other languages: