Quran Apps in many lanuages:

Surah Sad Ayahs #72 Translated in Burmese

أَنْتُمْ عَنْهُ مُعْرِضُونَ
အသင်တို့သည် ယင်းအကြောင်းသတင်းကို လျစ်လျူရှုနေသူများပင် ဖြစ်ကြကုန်၏။
مَا كَانَ لِيَ مِنْ عِلْمٍ بِالْمَلَإِ الْأَعْلَىٰ إِذْ يَخْتَصِمُونَ
ငါသည် အထက်ကောင်းကင်ရှိ ပရိသတ်နှင့်၏ပတ်သက်၍၊ ၎င်းတို့အချင်းချင်း ပြောဆိုအငြင်းပွားလျက်ရှိကြစဉ် မည်သည်ကိုမျှ မသိခဲ့ပေ။
إِنْ يُوحَىٰ إِلَيَّ إِلَّا أَنَّمَا أَنَا نَذِيرٌ مُبِينٌ
ငါ့ထံသို့ ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်ခြင်းကြောင့်သာလျှင် "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်ခြင်းခံရပေသတည်း။
إِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي خَالِقٌ بَشَرًا مِنْ طِينٍ
(ပြန်လည်အောက်မေ့ သတိရပါလေ)။ တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန့်ကြားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် လူသားတစ်ဦးအား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူမည်။
فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِنْ رُوحِي فَقَعُوا لَهُ سَاجِدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားအား နေထားကျနစုံလင်စွာ ပြုလုပ်တော်မူပြီးလျှင် ၎င်း(၏ခန္ဓာကိုယ်) အတွင်းဝယ် မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့သောအခါ အသင်တို့သည် ၎င်း၏ရှေ့ဝယ် ‘စဂျ်ဒဟ်’ပျပ်ဝပ်ဦးချကြလေကုန်။

Choose other languages: